ချယ်လ်ဆီးနဲ့ပွဲအပေါ်မူတည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအသင်းရွေးချယ်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေကို နည်းပြအာမိုရင်သတိပေး

ချယ်လ်ဆီးနဲ့ပွဲအပေါ်မူတည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအသင်းရွေးချယ်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေကို နည်းပြအာမိုရင်သတိပေး

ဒီနေ့ကစားမယ့် ချယ်လ်ဆီး-မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဒီပွဲက ခြေစွမ်းတွေအပေါ်မူတည်ပြီး လာမယ့်ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အသင်းရွေးချယ်သွားမယ်လို့ အသင်းကစားသမားတွေကို သတိပေးမှုပြုလုပ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ ရမှတ်(၂)မှတ်သာရယူနိုင်ခဲ့ပြီး အဆိုးရွားဆုံးအဆင့်ရပ်တည်မှုအဖြစ် အဆင့်(၁၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘာမျှော်လင့်ချက်မှမရှိတော့တဲ့အတွက် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ကစားသမားအပြောင်းအလဲတွေပြုလုပ်လာဖို့ ရှိနေတာပါ။ ဒါပေမယ့် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အသင်းကိုမရွေးချယ်ရသေးဘူးလို့ ဆိုထားပါတယ်။

အာမိုရင်က"ချယ်လ်ဆီးအသင်းနဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကို စဉ်းစားထားပြီးသားပါ။ ချယ်လ်ဆီးအသင်းနဲ့ပွဲက ကစားပုံကိုမြင်တွေ့ရမှာဖြစ်ပြီး ဒါက နောက်လာမယ့်ပွဲအတွက် အရေးကြီးပါတယ်။ ဗိုလ်လုပွဲအတွက် ပြင်ဆင်ဖို့ အကောင်းဆုံးအရာက ပွဲကစားတာဖြစ်ပြီး ဒီပွဲမှာ ပါဝင်ကစားခွင့်ရ/မရက ဗိုလ်လုပွဲနဲ့မဆိုင်ဘူးဆိုတာ ကစားသမားတွေနားလည်ရမှာပါ။ ချယ်လ်ဆီးအသင်းနဲ့ပွဲကိုပဲ အာရုံစိုက်ထားတယ်"လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ယိုရိုနဲ့ ဒီလစ်တို့ ဒဏ်ရာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲလွဲချော်မှာကို စိုးရိမ်မှုတွေရှိနေသလို ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှာကို အသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေကြတာပါ။ မန်ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲအတွက် ထွက်ခွာခဲ့တဲ့ အသင်းလူစာရင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေကလွဲပြီး လူစုံခေါ်သွားခဲ့တာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အက်စတွန်ဗီလာ - စပါး (ပရီးမီးယားလိဂ်) (17 May 2025/ 1:00 am) ဒီနှစ်သင်းက လက်ရှိမှာ ရည်မှန်းချက်ချင်းက အတော်ကွာခြားနေတယ်။ ဗီလာက အဆင့်(၆)မှာ ရမှတ်(၆၃)မှတ်နဲ့ရပ်

ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်

ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်

နာပိုလီအသင်းဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားကို အသင်းထံ ခေါ်ယူနိုင်ဖို့အတွက် ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချ

လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အသင်းခေါင်းဆောင်ဟောင်း မက်ဆီဂုဏ်ပြု

လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အသင်းခေါင်းဆောင်ဟောင်း မက်ဆီဂုဏ်ပြု

အင်တာမိုင်ယာမီအသင်းခေါင်းဆောင်မက်‌ဆီဟာ ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ

အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့် Mobile Chipset လို့ဆိုထားတဲ့ XringO1 အမည်ရ ကိုယ်ပိုင် Chiopset အသစ်ကို Xiaomi ကနေ အခုမေလကုန်ပိုင်းလောက်မှ မိတ်ဆက်သွားမယ်ဖြစ်ကြောင်း Xiaomi CEO Lei Jun ကိုယ်တိုင် Weibo မှာ ကြ