ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

မနေ့ကပဲ Huawei ကနေ Weibo မှာ Teaser ဓါတ်ပုံတစ်ပုံတစ်ခု ဖော်ပြလာပါတယ်။ လာမယ့် မေလ 19 ရက်မှာ Huawei Nova 14 Series အသစ်နဲ့အတူ HarmonyOS 5 စနစ်ကို အခြေခံထားတဲ့ laptop အသစ်တစ်လုံးကိုပါ မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ထူးခြားတာက ဒီ laptop ရဲ့ Display ဟာ ခေါက်ပြီး သုံးနိုင်မယ်လို့ ဆိုထားပါတယ်။

Huawei အနေနဲ့ ဒီ laptop အသစ်ဟာ တရုတ်ဈေးကွက်အတွင်း Windows နဲ့ MacOS တို့ကို ယှဉ်သွားမှာဖြစ်တဲ့အပြင် Harmony OS 5 ရဲ့ performance အသစ်တွေကိုပါ ပြသသွားမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း Harmony OS ကို PC version တွေမှာ တွေ့မြင်ရတော့မယ်လို့ ကြေညာခဲ့တာဆိုတော့ ဒီ Laptop မှာ ပထမဆုံးတွေ့မြင်ရလာဖွယ်ရှိနေပါပြီ။

Teaser ပုံအရဆို ဒီ Laptop ရဲ့ Display ဟာ Foldable ပုံစံ (ခေါက်နိုင်မယ့်) သဘောရှိနေပါတယ်။ လောလောဆယ်တော့ Lenovo ThinkPad X1 Fold တို့လိုမျိုးလို့ မှတ်ချက်ပေးထားကြပါတယ်။

နောက်ထပ်သတင်းတွေအရ ဒီ Laptop အသစ်ကို Huawei MateBook Fold Ultimate Design ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်လာနိုင်ပြီး 32 GB RAM နဲ့ 2TB SSD ပါလာမယ့်အပြင် Forged Shadow Black ဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်။ အသေးစိတ်ကိုတော့ လာမယ့် မေလ 19 ရက်နေ့မှာ တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။