ရန်ကင်းက Menu စုံတဲ့ exotic food venue ဆိုင်လေး

ရန်ကင်းက Menu စုံတဲ့ exotic food venue ဆိုင်လေး

မင်မင်တို့ ရန်ကင်းဘက်က ခေတ်ဒေဝီ(Khit Daewi) ဆိုတဲ့ exotic food venue ဆိုင်လေးကိုသွားစားဖြစ်ခဲ့တယ်။

ဆိုင်ရဲ့ အပြင်အဆင်ကတော့ ကားပါကင် ရှိတယ်။ နေရာကျယ်ကျယ်ဝန်းဝန်း ဖွင့်ထားတယ်။ ဆိုင်အတွင်းခန်းမှာလည်း ဆေးရေးပန်းချီတွေ ဆွဲထားတယ်။ ဆိုင်ထဲမှာမထိုင်ချင်ရင်လည်း ဆိုင်ခန်းဘေးလေးမှာ ခုံတန်းလေးတွေရှိတယ် အဲ့မှာထိုင်စားလို့ရတယ်။ အပြင်အဆင်အရ မဆိုးဘူး‌ပေါ့။

Menu လည်းတော်တော်လေးစုံတယ်။ All Day Breakfast, Khit Daewi Special, Rice/ Curries & Noodle, Tea Leaf, Salads နှင့် Soup အပြင် Keto menu တွေပါရတယ်။

Menu တွေတော်တော်စုံတယ်ဆိုတော့ မင်မင်က ဒီဆိုင်ကိုသဘောကျပြီလား?

မဟုတ်ပါဘူး။ ဆိုင်ကြီးတော်တော်များများရဲ့ အားနည်းချက်က သန့်ရှင်းမှုပါပဲ။ မင်မင်တို့ မှာစားဖြစ်တာကတော့....

ဖက်ထမင်း(ဆိတ်သား) - 7900 MMK

မင်မင် ဖက်ထမင်းကို ဆိတ်သားနဲ့မှာလိုက်တာဆိတ်မွှေးတစ်ချောင်းပါလာပါတယ်။

ဆိတ်မွှေးလေးတစ်ချောင်းဘဲ မင်မင်ရယ် ဖယ်စားလိုက်ပေါ့လို့ပြောကောင်းပြောလိမ့်မယ်။ ပေးရတဲ့ price က 2000 3000မှမဟုတ်တာ။ အရသာပိုင်းကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။မင်မင် အညာက ဖက်ထမင်းတွေစားဖူးတယ်။ အညာဖက်ထမင်းတွေကတော့ ငပိရည်နဲ့ ပုံပေးတာပေါ့။ အညာ ဖက်ထမင်းပုံစံလည်းစားချင်မိလို့မှာလိုက်တယ် ဒါပေမယ့် အညာဖက်ထမင်းအရသာတော့မရပါဘူး။ သူကတော့ ငရုတ်သီး‌ေကြာ်ကို သုံးပေးထားတယ်။ အနည်းငယ်လေးစပ်တယ်။ ချဉ်ပေါင်နဲ့ မျှစ် ရောကြော်ထားတာမို့ ထမင်းစားရမြိန်တယ်။ ဆန်ကောင်းတယ်။

ကြက်ဥကို ပြုတ်ကြော်ထားတာ တစ်လုံးပါတယ်။

ဆိတ်သားက မဆလာအနံ့ကို ဦးစားပေးထားတယ်။ စားလိုက်တာနဲ့ မွှေးတယ် စားလို့ကောင်းတယ်။

အုန်းထမင်း(ကြက်သား)- 5500MMK

အုန်းသီးနံ့သင်းရုံလေးမွှေးပြီး ဆန်လည်းကောင်းတယ်။(အုန်းသီးနံ့အရမ်းမွှေးနေရင် မကြိုက်တဲ့မင်မင်အတွက်တော့ အတော်ဘဲ) ဆီအရမ်း မများတော့ မအီဘူး။အရံဟင်းအနေနဲ့ ကလည်းငရုတ်သီးကြော် ၊ခရမ်းသီးနှပ်နှစ်မျိုးပေးတယ်။ ကြက်သားဟင်းကို အနှစ်များများနဲ့ဆီပြန် ရေကျန် ချက်ထားတော့ ထမင်းနဲ့ ဟင်းအနှစ်စမ်းပြီးစားရတာကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ခရမ်းချဥ်သီး နဲ့ချက်ထားတော့ ချဥ်ပြုံးပြုံးလေးနဲ့ အအီလည်းပြေတာပေါ့။

စီလုံတီး- 2000MMK

စီလုံတီးက မလိုင်များများပါတယ်။ ချိုရဲနေတာမျိုးလည်းမဟုတ်ဘူး။ နည်းနည်းလေးချိုပြီး စိမ့်သွားတယ်။ ပုံမှန်သောက်နေကျ စီလုံတီးတွေနဲ့ မတူဘဲ တော်တော်လေးသောက်လို့ကောင်းတယ်။

လက်ဖက်ရည်- 1500MMK 

သောက်နေကြ ပုံမှန်ဘဲ မှာလိုက်တယ်။လက်ဖက်ရည် ကြိုက်တဲ့သူဖြစ်လို့ ဒီဆိုင်က လက်ဖက်ရည်ကလည်းမဆိုးဘူးပြောရမယ်။

မင်မင့်အမြင်အရတော့ အရသာပိုင်းကတော့ ကောင်းတယ်။ တော်တော်လေး အဆင်ပြေတယ်။

အရသာပိုင်းအတွက်တော့ 4 Star ပေးမယ်။

သန့်ရှင်းမှုပိုင်းမှာတော့ လိုအပ်ချက်တွေရှိတယ်။ ဆိုင်ခန်းက Aircon ခန်းပေမယ့် ဟင်းပွဲတွေလာချတဲ့အခါ ယင်ကောင်တွေလာတာမျိုး ခြင်ကိုက်တာမျိုးလေးရှိတယ်။ သန့်ရှင်းမှုကတော့ 3 Star လောက်ပါဘဲ။

Service ပိုင်းကတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ Waitress တွေက စကားပြောရအဆင်ပြေတယ်။ ဘာလို့ service ပိုင်းထည့်ပြောလဲဆိုတော့ service charge 5%ပေးရတယ်ပေါ့နော်။

မင်မင်တို့ လိုအပ်ချက်လေးတွေကို manger ကိုပြောချင်ပေမယ့် manager ကဆိုင်မှာရှိမနေပါဘူး။ အဲ့တာနဲ့ဘဲ waitress ကိုပြောခဲ့ပါတယ်။

Khit Daewi · မှတ်တမ်းရုံး No 33, Bauk Htaw Station St, Yangon, Myanmar (Birma)
★★★★☆ · Restaurant

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်