ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြောင့်မဟုတ်သလို နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းထက် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ကိုးလ်ပါမားဟာ အခုနှစ်ဇန်နဝါရီလက ဘုန်းမောက်အသင်းနဲ့ (၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းယူပြီးနောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးနေတာပါ။

ကိုးလ်ပါမားဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ကစားခဲ့တဲ့ ပထမဆုံး(၂၃)ပွဲမှာ (၁၄)ဂိုးသွင်းယူပြီး အသင်းကို အမှတ်ပေးဇယားထိပ်ပိုင်းနေရာအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုးလ်ပါမားရဲ့ဂိုးပေါက်ဆက်တိုက်ပျောက်ဆုံးမှုနဲ့အတူ ချယ်လ်ဆီးအသင်းလည်း ရလဒ်တွေဆိုးခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၆)နေရာမှာ ရပ်တည်နေတာပါ။

ကိုးလ်ပါမားဟာ ဂိုးပေါက်ပျောက်ဆုံးနေပေမယ့် ဒီဂိုးမသွင်းနိုင်တဲ့ အချိန်အတွင်းမှာ ဂိုးပေါက်ကန်သွင်းမှု(၄၁)ကြိမ်အထိပြုလုပ်ထားပြီး ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်ကစားသမားထက်မဆို ပိုများတဲ့ ကန်သွင်းမှုပြုလုပ်ထားတာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက "ဒါက စိတ်ပိုင်းဆိုင်ရာဆိုတာ သေချာပါတယ်။ ကိုးလ်ဟာဒီရာသီမှာ ကျွန်တော်တို့အတွက် ပရီးမီးယားလိဂ်ပွဲ(၂၀)မှာ (၁၄)ဂိုးသွင်းယူထားပါတယ်။ ကိုးလ်ကလည်း ဒီအတိုင်းဖြစ်သလို ကျွန်တော်တို့ကစားတဲ့ပုံစံ၊ နည်းပြနဲ့ကလပ်ကလည်း ဒီအတိုင်းပါပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာကြောင့်သာဖြစ်တယ်"လို့ ဒီနေ့ကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်မီ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် နည်းပြမာရက်စ်ကာက ပြီးခဲ့တဲ့(၂)ရာသီနဲ့ နှိုင်းယှဉ်ရင် ဒီရာသီဟာ ကျရှုံးတဲ့ရာသီမဟုတ်ဘူးလို့ လည်းဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ဒီဆုဖလားကို ရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

Read more

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်အသင်းက ဖီအိုရမ်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ ပြိုင်ဘက်အသင်းဖြစ်

လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

၁၉၈၂ ခုနှစ်တွင်ဂျပန်နိုင်ငံက Seiko ဆိုသော ကုမ္ပဏီက အဲ့ဒီ့အချိန်အခါက အံ့ဩဖွယ်ရာနည်းပညာနဲ့ ထုတ်လုပ်ထားသော လက်ပတ်နာရီကို မိတ်ဆက်ပေးခဲ့ပါတယ်။၎င်

ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွ

အင်တာနက်ခေတ်ရဲ့ ဆူညံသံတွေထဲက ဘယ်လို ရုန်းထွက်မလဲ?

အင်တာနက်ခေတ်ရဲ့ ဆူညံသံတွေထဲက ဘယ်လို ရုန်းထွက်မလဲ?

အင်တာနက်ဖွင့်လိုက်တာနဲ့ သတင်းတွေ၊ စာတိုတွေ၊ Notification တွေ တစ်ပြိုင်တည်း တက်လာတာဟာ ဒီခေတ်ထဲမှာ မဆန်းတော့ပါဘူး။ ဒါပေမယ့် ဒီလိုအရာတွေဟာ ဖတ်လိုက်တာနဲ့ ကိုယ့်စိတ်