ကိုယ်ခန္ဓာတွင်ပျော်ဝင်နိုင်သောဇီဝလှုံ့ဆော်စက်

Northwestern တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ကမ္ဘာ့အသေးဆုံးနှင့် ခန္ဓာကိုယ်အတွင်းတွင် ပျော်ဝင်နိုင်သည့် နှလုံးအထောက်အကူပြုပစ္စည်းကို တီထွင်ခဲ့ကြသည်။၎င်းပစ္စည်းသည် ဆန်စေ့တစ်စေ့စာထက်ပင်သေးငယ်ပြီး (1.8 မီလီမီတာအကျယ်၊ 3.5 မီလီမီတာအရှည်) ရှိပြီးဆေးထိုးအပ်ဖြင့် ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းရန်ဖြစ်သည်။

အဓိကအားဖြင့် မွေးစကလေးများတွင် ဖြစ်ပေါ်နိုင်သော နှလုံးနှင့်ပတ်သက်သောဝေဒနာများကို operation ပြုလုပ်စရာမလိုပဲကုသရန်အတွက်ရည်ရွယ်ပါသည်။

ကြိုးဖြင့်ထည့်သွင်းသည့် နည်းပညာ (catheter) ကို အသုံးပြု၍ နှလုံးမျက်နှာပြင်ပေါ်တွင် တပ်ဆင်ပြီး၊ NFC စနစ်ဖြင့် နှလုံးခုန်နှုန်းအား ထိန်းညှိပေးသည်။ လိုအပ်သည့်ကာလပြီးပါက (ဥပမာ- နှလုံးခွဲစိတ်မှုမှပြန်လည်နာလန်ထစဉ်) စက်အား ပိတ်လိုက်ပါက ပစ္စည်းသည် ခန္တာကိုယ်အတွင်းသို့သူ့အလိုလို ပျော်ဝင်သွားမည်။  

ဤနှလုံးခုန်စက်သည် ခန္ဓာကိုယ်အတွင်းတွင် သဘာဝအတိုင်း ပျော်ဝင်သွားသောကြောင့်၊ ထပ်မံ၍ ခွဲစိတ်ဖယ်ရှားရန် မလိုအပ်ပါ။ ထို့အပြင်ခန္ဓာကိုယ်ပြင်ပတွင်တပ်ဆင်ကာဝတ်ဆင်နိုင်သော စက်နှင့်တွဲဖက်၍လဲအသုံးပြုနိုင်သည်။၎င်းစက်​၏အားသာချက်မှာနှလုံးခုန်မမှန်မှုကိုသိရှိနိုင်ပြီးအလင်းရောင်ထုတ်လွှတ်ပေးကာနှလုံးခုန်စက်ကို အလုပ်လုပ်စေပါသည်။

ဤနည်းပညာအသစ်သည် မွေးကင်းစကလေးများအတွက်သာမက၊ ခန္ဓာကိုယ်အတွင်းတွင် ယာယီနှလုံးခုန်စက်လိုအပ်သော လူနာများအတွက်ပါအသုံးပြုနိုင်သဖြင့်နှလုံးရောဂါကုသရေးအတွက်ကောင်းမွန်သောတိုးတက်မှုဖြစ်သည်။