ကိုယ်ဝန်အတုနဲ့ မိမိဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ ဆွန်ဟောင်မင်တိုင်ကြား

ကိုယ်ဝန်အတုနဲ့ မိမိဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ ဆွန်ဟောင်မင်တိုင်ကြား

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ကိုယ်ဝန်အတုနဲ့ သူ့ဆီကနေ ငွေညှစ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ တိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။ အသက်(၂၀)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးနဲ့ အသက်(၄၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ငွေညှစ်ဖို့ကြိုးပမ်းမှုနဲ့ ဆိုးလ်မြို့ရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ Yonhap သတင်းအေဂျင်စီနဲ့ The Korea Times တို့က ဖော်ပြထားတာပါ။

ဆွန်ဟောင်မင်က အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ရှိနေကြောင်း လိမ်လည်ပြောပြီး သူ့ဆီကနေ ဝမ်သန်းရာပေါင်းများစွာကို ငွေညှစ်ပြီးရယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်ဇွန်က ကိုယ်ဝန်ရှိနေတယ်လို့ ဆိုခဲ့ပေမယ့် အခုအချိန်မှာ နှုတ်ဆိတ်နေတဲ့အတွက် ငွေပြန်ပေးဖို့ ဆွန်ဟောင်မင်ရဲ့တရားရေးအဖွဲ့က တောင်းထားတယ်လို့ သိရပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီဖြစ်ရပ်အတွက် ပြီးခဲ့တဲ့အပတ်က ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့တာပါ။

အသက်(၃၂)နှစ်အရွယ်ရှိ ဆွန်ဟောင်မင်မှာ ဇနီးရော၊သားသမီးရောမရှိပါဘူး။ ဆွန်ဟောင်မင်က သူဟာ ဘောလုံးအပေါ်ကို အပြည့်အဝအာရုံစိုက်ချင်တာကြောင့် အနားယူပြီးချိန်ထိ ကလေးမလိုချင်ဘူးလို့ အရင်က ပြောထားဖူးပါတယ်။ ဆွန်ဟောင်မင်ရဲ့စပါးအသင်းစာချုပ်ဟာ လာမယ့်ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အရင်က ကိုးရီးယား Pop စတားတွေဖြစ်တဲ့ Bang Min-ah၊ Yoo So-young နဲ့ တွဲခဲ့ဖူးတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

စပါးအသင်းဟာ နှစ်ပေါင်း(၁၇)နှစ်ကြာဝေးကွာနေတဲ့ ဆုဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ပြင်ဆင်နေချိန်မှာ ဆွန်ဟောင်မင်ရဲ့သတင်းတွေဟာ စိတ်အနှောင့်အယှက်ဖြစ်လာနိုင်စေပါတယ်။ စပါးအသင်းဟာ မေ(၂၁)ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

လက်ကျန်ပွဲ(၂)ပွဲအလိုမှာ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်း

လက်ကျန်ပွဲ(၂)ပွဲအလိုမှာ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ပြည်တွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းက ဒီကြားရက်မှာ ကစားခဲ့တဲ့လာလီဂါပွဲစဉ်(၃၆)အက်စပန်ညို(၀-၂)ဘာစီလိုနာပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဒီရာသီလာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံ

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ရီးရဲလ်မက်

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်း

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု နဲ့ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းကို ပရီးမီးယားလိဂ်အဖွ

ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

ခေါက်လို့ရတဲ့ Laptop Display နဲ့ Huawei ဟာ Windows နဲ့ MacOS ကို စိန်ခေါ်တော့မယ်

မနေ့ကပဲ Huawei ကနေ Weibo မှာ Teaser ဓါတ်ပုံတစ်ပုံတစ်ခု ဖော်ပြလာပါတယ်။ လာမယ့် မေလ 19 ရက်မှာ Huawei Nova 14 Series အသစ်နဲ့အတူ HarmonyOS 5 စနစ်ကို အခြေခံထားတဲ့ laptop အသစ်တစ်လုံးကိုပါ မိတ်ဆက်