ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းနေရာကို လက်လွှဲယူမယ့် Galaxy Z Fold 7

ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းဆိုပြီး မိတ်ဆက်ခဲ့တဲ့ Oppo Find N5 Foldable ထက်တောင် ပိုပါးမယ်လို့ ဆိုထားပါတယ်။
နာမည်ကြီး Samsung tipster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြလာချက်အရ လာမယ့်လပိုင်းအတွင်း မိတ်ဆက်သွားမယ့် Galaxy Z Fold 7 က အပါးဆုံးခေါက်ဖုန်းအဖြစ် စံချိန်တင်သွားမယ်လို့ ဆိုထားတာပါ။

X မှာ ဖော်ပြထားချက်အရတော့ Z Fold 7 ရဲ့ အထူဟာဆိုရင် ခေါက်ထားရင် 3.9mm ရှိမှာဖြစ်ပြီး ဖြန့်ထားရင်တော့ 8.9mm ရှိမယ်လို့ ဆိုထားပါတယ်။ Ice Universe ကတော့ ဖုန်း ၂ လုံးစလုံးက ခေါက်ထားရင် အထူတူတူပဲဖြစ်ပြီး ဖြန့်လိုက်တဲ့အခါမှာတော့ Z Fold 7 က ပိုပါးမယ်လို့ ဆိုထားပါတယ်။
သူ့ရှေ့က အပါးဆုံးခေါက်ဖုန်းအဖြစ်မိတ်ဆက်ခဲ့တဲ့ Oppo Find N5 ကတော့ ဖြန့်ထားရင် 4.21mm ဖြစ်ပြီး ခေါက်လိုက်ရင်တော့ 8.93mm အထူရှိပါတယ်။

အပါးဆုံးခေါက်ဖုန်းဖြစ်လာဖို့အတွက် တစ်ဖက်မှာလည်း သိပ်မမျှော်လင့်ရမယ့်အပိုင်းကတော့ ဘတ်ထရီပါ။ Z Fold 7 မှာတော့ Battery 4400mAh သာ ပါလာမှာပါ။ နောက်ပြီး Chips အသစ်နဲ့ လာပါမယ်။