အီတလီနိုင်ငံမှာကျင်းပတဲ့ “Panda a Pandino” ပြပွဲမှာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Andrea Marazzi ၏တီထွင်ဖန်တီးမှူကြောင့် ပရိတ်သတ်တွေကိုအံ့အားသင့်စေခဲ့သည်။အံ့အားသင့်စေခဲ့တဲ့အကြောင်းကတော့အလွန်သေးငယ်တဲ့လျှပ်စစ် Fiat Panda တစ်စင်းဖြစ်လို့ပဲဖြစ်ပါတယ်။ဒီကားက မူလ Panda 141 ၏တစ်ပုံသုံးပုံခန့်သာအကျယ်ရှိပြီး အရွယ်အစားအားဖြင့် သာမာန်ခေါင်းအုံးတစ်လုံးစာသာရှိပါတယ်။
Body ပိုင်းမှာအပြာရောင်ဖြစ်ပြီး၊ မီးလုံးတစ်လုံးပဲရှိပါတယ်။ဘီးတွေကလည်း အလွန်ပါးပြီး ယာဉ်မောင်းအနောက်မှာခုံအသေးလေးတစ်ခုရှိပါတယ်။ဒါကို မောင်းသူတံခါးကနေဝင်ရမှာဖြစ်ပါတယ်။ပုံမှန်ကားတစ်စင်းလေကာမှန်ထပ်များစွာသေးငယ်ပါတယ်။
ပုံမှန်ကားနဲ့မတူပဲထူးခြားတဲ့ ဒီဇိုင်းကြောင့်ကာတွန်းကားထဲမှာမြင်နေကြ ပုံစံမျိုးနဲ့တူနေသည်။လျှပ်စစ်ကားဖြစ်သည့်အတွက် ဓာတ်ဆီမလိုဘဲ ဓါတ်အားသွင်းပြီးမောင်းနှင်နိုင်သည်။ဒီထူးခြားတဲ့ကားဟာ လူအများကြားတွင် အလွန်လူကြိုက်များလာခဲ့ပြီး တချို့ကတော့ “အနုပညာလက်ရာ” လို့တောင်တင်စားခေါ်ဝေါ်ကြသည်။
Discussion