Netflix Error ကုဒ်များနဲ့ ဖြေရှင်းနည်းများ

Netflix Error ကုဒ်များနဲ့ ဖြေရှင်းနည်းများ

Netflix and Chill ဖို့လုပ်ရင်း Error ကုဒ်တွေပေါ်လာပြီး မကြည့်လိုက်ရပဲ ဘူပိတ်သွားတာမျိုးမဖြစ်ဖို့အတွက် ဒီတစ်ပတ်မှာတော့ ဖြစ်တတ်တဲ့ Netflix Error ကုဒ်တွေကို ဖြေရှင်းနည်းတွေ တင်ပြပေးသွားမှာဖြစ်ပါတယ်။

၁. Netflix Error 0041Device or connectivity issue ကြောင့်ဖြစ်တာပါ။ Wifi ကို Reset လုပ်တာမျိုးနဲ့ Netflix App ကို Clear Data လုပ်ပြီး အသစ်ပြန်ဝင်ကြည့်တာမျိုး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

၂. Error 100ဒီ Error ကတော့ Apple Device တွေသုံးတဲ့သူတွေပဲ မြင်ရမယ့် Error ပါ။ Netflix အကောင့်ထဲကထွက်ပြီး ပြန်ဝင်တာ၊ App ကိုဖျက်ပြီး ပြန် Install လုပ်တာမျိုး လုပ်နိုင်ပါတယ်။

၃. Error 7034ဒီ Error ဖြစ်ရင်တော့ အပေါ်ကနည်းတွေကို လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင် Netflix Customer Support ကိုဆက်သွယ်ရမယ့် Error ပဲဖြစ်ပါတယ်။

၄. Error (AIP-705)Device or connectivity issue ပါ Wifi Reset လုပ်တာမျိုး၊ Netflix App က Old Version ဖြစ်နေတယ်ဆိုရင် Update တင်တာမျိုး လုပ်နိုင်ပါတယ်။

၅. Error NQL.2303Android နဲ့ Windows သမားတွေပဲဖြစ်တတ်တဲ့ Error ပဲဖြစ်ပါတယ်။ App Reset ချတာ၊ Clear Data လုပ်တာတွေလုပ်နိုင်ပါတယ်။

၆. Error NQM.407Payment အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ Error ပဲဖြစ်ပါတယ်။ သက်ဆိုင်ရာဘဏ် (သို့) Netflix ကို Email ပို့ပြီးမေးမှပဲအဆင်ပြေမယ့်ကိစ္စဖြစ်ပါတယ်။ Payment Method ကိုလည်း တစ်ချက်ပြန်စစ်ပါ။

၇. Error S7111-11101Mac နဲ့ Browser ကနေ ​Netflix ကြည့်သူတွေပဲ ဖြစ်မယ့် Error ပဲဖြစ်ပါတယ်။ Browser ထဲက Netflix Cookies တွေ Clear လုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။

၈.Error TVP-832 ဒီ Error ဖြစ်လာရင် -

-VPN ပိတ်/ဖွင့်လုပ်တာမျိုး

-Netflix ကြည့်နေတဲ့ Device ကို Restart လုပ်တာမျိုး

-Netflix အကောင့်ကနေ Sign In/ Sign out လုပ်တာမျိုး

-Data Connection Reset တာမျိုးလုပ်သင့်ပါတယ်။

ကဲ့ ဒါတွေကတော့ အဖြစ်များတတ်တဲ့ Netflix Error တွေနဲ့ ဖြေရှင်းနည်းတွေပဲဖြစ်ပါတယ်။ နေ့တိုင်း နက်ဖလစ်ရင်း ချေးနိုင်ကြပါစေဗျာ။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ