Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်

Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်

နေ့စဥ်သုံးနေကြတဲ့ Social Media တွေနဲ့၊ Emailတွေမှာ လုပ်ထားရမယ့် အခြေခံလုံခြုံရေး အချက်တွေကို ပြောပြပေးပါ့မယ်။ Email ခိုးခံရတာနဲ့ အကောင့်ဟက်ခံရတာမျိုးတွေကို Basic Privacy Security အချက်တွေကိုလိုက်နာပြီး အတိုင်းအတာတစ်ခုထိ ကာကွယ်လို့ရတဲ့ အရာတွေပါ။

၁. Social Media Account နဲ့ချိတ်ထားတဲ့ Email (သို့မဟုတ်) ဖုန်းနံပါတ်တွေကို သူစိမ်းတွေကို မပြောပြသင့်သလို တစ်ခြား အလုပ်နဲ့ Website တွေ၊ Survey တွေမှာ မသုံးပါနဲ့။

၂. Password ကိုလည်း လုံလုံခြုံခြုံနဲ့ မမေ့မယ့်ဟာမျိုး Password ထားသင့်ပါတယ်။ “123456” လိုမျိုးခန့်မှန်းရလွယ်တဲ့ ဂဏန်းတွေ၊ "admin1234" တွေကို Password မပေးပါနဲ့။ လိုအပ်ရင် Password Generator နဲ့ Password Manager သုံးပါ။

၃. 2 Factor Authentication ဖွင့်ထားပါ။ 2FA ကကျလာတဲ့ ကုဒ်တွေကိုလည်း ဘယ်သူတောင်းတောင်း(ရည်းစားအပါအဝင်) မပေးပါနဲ့။ Login Alert Notification တွေဖွင့်ထားပါ။

၄. မွေးနေ့တွေ၊ အရေးကြီးရက်စွဲတွေကို Public မထားပါနဲ့။ Facebook မှာဆိုရင် မွေးနေ့ကို ဖျောက်ထားပြီး မွေးတဲ့နှစ်လောက်ပဲ ဖော်ထားပါ။ ကိုယ့်ရဲ့အရေးကြီး အတွင်းရေးအချက်အလက်တွေကို လူမှုကွန်ရက်မှာ တက်နိုင်သမျှ မမျှဝေပါနဲ့။

၅. တွေ့ကရာ ပေါက်ကရ Link တွေ၊ ကြော်ငြာ Ads Link တွေကို ဝင်ကြည့်တာမျိုး Facebook နဲ့ချိတ်ပြီး Game ဆော့တာမျိုးလုပ်မိရင် Myday မှာ Spicy Content တွေကို Auto ပေါ်လာပြီး အရှက်ကွဲတတ်ပါတယ်။ဒီအချက်တွေလုပ်ထားရင်ကို Facebook အကောင့်ခိုးခံရဖို့နဲ့ Email တွေခိုးခံရနိုင်ခြေ အတော်လေးနည်းသွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ အကောင့်ကို Lock ချထားရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ