Phone ပြင်တော့မယ်ဆိုရင် ဘာတွေလုပ်ထားသင့်လဲ?

Phone ပြင်တော့မယ်ဆိုရင် ဘာတွေလုပ်ထားသင့်လဲ?

ကျွန်တော်ကိုယ်တိုင်က ဖုန်းပြင်ဆိုင်တွေမသွားဖူးသလို၊ ဖုန်းမပြင်ရအောင် ဂရုတစ်စိုက်ကိုင်လေ့ရှိပါတယ်။ မှန်ကွဲတာမျိုး၊ ရေဝင်တာမျိုးမဖြစ်အောင်အဓိကဂရုစိုက်ဖြစ်တယ်။ Software Error တွေတက်ရင်တော့ ကိုယ့်ဟာကို Google ကနေကြည့်ပြီး ကလိတာမို့ ဖုန်းပျက်သွားပြီးဆိုရင် အနည်းဆုံး ၂ နှစ်လောက်ကိုင်ပြီး လုံးဝအသစ်ဝယ်ဖြစ်တာပဲများတယ်။ဖုန်းဘာလို့မပြင်တာလဲလို့မေးရင် နည်းပညာတွေက အရမ်းကြောက်ဖို့ကောင်းတယ်။

ဖုန််းပေါ်ကနေပဲ နေ့စဥ်ကိစ္စတွေကိုလုပ်ဆောင်လာတဲ့အခါ ဖုန်းဟာ ဘဝရဲ့အရေးကြီးရဲ့ Data တွေပါဝင်တဲ့ ပစ္စည်းဖြစ်လာတယ်။ အဲ့တော့ဖုန်းထဲက ဒေတာတွေရသွားရင် ဘဝပျက်သွားနိုင်တဲ့ ကိစ္စတွေကိုကြောက်လို့ပါ။အဲ့တော့ မိတ်ဆွေတို့လည်း ဖုန်းထဲက ဒေတာတွေနဲ့ လူမှုကွန်ရက်ပေါ်က ဒေတာတွေကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းသိမ်းထားဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ကယ်လို့ဖုန်းတစ်ခုခုဖြစ်လို့ ပြင်မှဖြစ်မယ့် အခြေအနေဆိုရင်လည်း ဂရုထားသင့်တဲ့အချက်တွေကို ခုပြောပြပေးပါမယ်။

၁. ကိုယ့်ဖုန်းအခြေအနေကို ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာလေ့လာသင့်ပါတယ်။ ဥပမာ Screen ကွဲတာဆိုရင် အပြင်ကကွဲတာလား။ အထဲက Display နဲ့ Touch ပါထိသွားလား။ ငါ့ဖုန်းကိုပြင်မယ်ဆိုရင် ဖုန်း Password ပေးခဲ့ရမယ့် Service ဖြစ်နိုင်လား၊ Password မပေးလည်းဖြစ်တဲ့ Service လားဆိုတာ သေချာလေ့လာသင့်ပါတယ်။

၂. ဖုန်းပြင်မယ့်ဆိုင်တွေကို ရွေးချယ်တဲ့အခါမှာလည်း သေချာစုံစမ်းပါ။ ဈေးနှုန်းကစလို့ ဘယ်လောက်ထိ ဖုန်းအပေါ်မှာတာဝန်ယူမှုရှိလဲဆိုတာထိသေချာစုံစမ်းသင့်ပါတယ်။ အဲ့တာအတွက်ကလည်း ဒီနေ့ခေတ် Facebook ပေါ်က ဂရုတွေမှာလိုက်ပြီး ကြည့်လိုက်ရင် အပန်းကြီးတဲ့ကိစ္စမဟုတ်တော့ပါဘူး။

၃. ဆိုင်မသွားခင်ထိ ဖုန်းကသုံးလို့ရသေးတယ်။ Screen သုံးလို့ရသေးတယ်ဆိုရင် ဖုန်းထဲက Data တွေကို Back Up ယူပြီး ဖုန်းထဲက Data တွေအကုန် Factory Reset ချသွားတာ စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။ ဖုန်းဝယ်ခါစက ဘာမှမထည့်ထားတဲ့ အနေအထားနဲ့ဆိုင်ကိုသွားအပ်လိုက်ပါ။

၄. နောက်တစ်ခုက အရေးကြီးတဲ့ Personal Data တွေကိုလည်း ဖုန်းထဲမှာသိမ်းတာထက် Cloud ပေါ်မှာ အကောင့်တစ်ခုဆောက်ပြီးသိမ်းတာ အလုံခြုံဆုံးပါ။ အဲ့တော့ ဖုန်းထဲက Data တွေကို Cloud ပေါ်တင်ပြီး ဖုန်းပြင်ဆိုင်သွားလိုက်လို့ရပါတယ်။

၅. ဆိုင်လက်ထဲကို ဖုန်းထည့်မပေးခင် ဖုန်းမှာရှိတဲ့ အပြစ်အနာအဆာတွေကို သေချာစစ်ဆေးခိုင်းပါ။ ဥပမာ - Battery ပဲဖြစ်တာ၊ Screen အကောင်း၊ Screen ကွဲနေပေမယ့် Display ကောင်းသေးတယ်၊ ​Speaker ကလည်း ၂ ဖက်လုံးအကောင်းစတဲ့ ဖုန်း Condition ကိုသေချာစစ်ဆေးဖို့ အကြံပေးချင်ပါတယ်။

၆. နောက်ဆုံးတစ်ခုကတော့ ဖုန်းတွေကိုသက်ဆိုင်ရာ Authorized Repair Service ရှိတဲ့ဆိုင်တွေမှာ အတတ်နိုင်ဆုံးပြင်ဖို့ကြိုးစားသင့်ပါတယ်။ ဒါမှတစ်ခုခုဖြစ်သွားရင် နောက်ဆက်တွဲတွေကို ကုမ္ပဏီကတာဝန်ယူဖြေရှင်းပေးမှာဖြစ်ပါတယ်။Apple မှာလည်း 2021 လောက်တုန်းက သူတို့ရဲ့ Service Center ကဝန်ထမ်းတစ်ယောက်က ဖုန်းပြင်ဖို့လာအပ်တဲ့ ကျောင်းသူရဲ့ဖုန်းထဲက Nude ပုံတွေကို ဖြန့်ဝေမှုနဲ့ တရားစွဲခံခဲ့ရပြီး ဒေါ်လာသန်းနဲ့ချီပြီးလျော်ခဲ့ရတဲ့ သာဓကတွေရှိပါတယ်။ဒါကြောင့် ဘာပဲလုပ်လုပ်ဆင်ခြင်ပြီးမှ လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။

Read more

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းရဲ့ ဒီရာသီအဖြစ်က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ ဆိုရလေမလား ... ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်လုနီးနီးဖြစ်နေပြီး ရှ

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

■ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ဟာ ဒီလထဲမှာသူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ စပိန်

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)မှာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ စပါးအသင်းကို (၅-၁

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

Donald Trump ကိုယ်တိုင် အဲဒီဓါတ်ပုံကို White House Office Account ကနေ မျှဝေခဲ့လို့ ကတ်သလစ်ဘာသာဝင်တွေကြားထဲ ဝေဖန်မှုအတော်လေးမြင့်တက်နေပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံထဲ