Only Fans ဘယ်လောက်ထိအောင်မြင်နေလဲ
Only Fans လို့ပြောလိုက်ရင် လူတိုင်းသိတဲ့ 18+ တွေ၊ Adult Contents တွေတင်တဲ့နေရာလို့သိကြမှာပါ။ တစ်ကယ်တော့ Only Fans 2016 မှာ သားအဖ ၂ ယောက်က Celebrity တွေနဲ့ Content Creator တွေငွေရှာဖို့အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စတင်တည်ထောင်တုန်းက ဒေါ်လာ ၁ သောင်းကျော်ပဲကုန်ခဲ့တာပါ။
ဒီနေ့မှာတော့ Onlyfans ပိုင်ရှင်အနေနဲ့ ဒီနှစ် Q2 အထိဝင်ငွေ ပေါင် ၂၆၈ သန်းထိရနေပါပြီ။ မနှစ်ကထက်စာရင် တစ်ဝက်လောက် အမြတ်ပိုများလာတယ်လို့ဆိုပါတယ်။ လောလောဆယ် Onlyfans မှာ Creator ပေါင်း ၃ သန်းလောက်ရှိိပြီး အသုံးပြုသူတွေကတော့ သန်း၂၅၀ ကျော်ပြီလို့ဆိုပါတယ်။ပြီးခဲ့နှစ်က OnlyFans မှာဝင်ငွေ ပေါင် 4.8 Billions ထိရှိပြီး ဒီနှစ်မှာတော့ 5.5B ထိတိုးလာတယ်လို့ဆိုပါတယ်။
သိသိသာသာ အောင်မြင်လာတဲ့ကာလကတော့ Covid ကာလမှာ လူသုံးများလာသလို၊ Onlyfans ကနေဝင်ငွေရှာသူတွေလည်း အတော်လေးများလာတယ်လို့ ဆိုပါတယ်။ခုဆိုရင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်လို Asia နိုင်ငံတွေမှာ Onlyfans Content Creator တွေအတော်လေးများလာပါပြီ။
Ref : BBC Tech