ပိုက်ဆံ ၁၀၀၀၀ ကျော်လေးနဲ့ နာမည်ကြီး မာလာထန် စားကြမယ်

ပိုက်ဆံ ၁၀၀၀၀ ကျော်လေးနဲ့ နာမည်ကြီး မာလာထန် စားကြမယ်

ဒီနေ့မှာတော့ Admin က မန္တလေးက နာမည်ကြီး မာလာထန် ဆိုင်ဖြစ်တဲ့Ko Ko Fu ဆိုတဲ့ ဆိုင်လေးကို သွားရောက်ခဲ့ပါတယ် ။ ဒီဆိုင်လေးကို မန္တလေးမှာ နာမည်ကြီးနေတည်းက စားချင်နေခဲ့တာ ခု ရန်ကုန်မှာ လာဖွင့်ပြီဆိုတော့ ကိုယ်တွေ အကြိုက်တွေ့တာပေါ့။

သူ့ဆိုင်ရဲ့ ထူးခြားချက်က ပုံမှန် ဆိုင်တွေမှာ မတွေ့ရတဲ့ ပဲလိပ်၊ အီကြာကွေး အပြင် ပုစွန် ၊ဂဏန်း ၊ရေဘဝဲ အကိတ်ကြီးတွေကိုပါ တွေ့ရတာနော် ။ နောက်တစ်ခုက ဝက်အူချောင်းဆိုလည်း ပုံမှန် ဆိုင်တွေမှာလို မဟုတ်ဘဲ လုံးဝ မအီဘဲ ချိုချိုလေးနဲ့ အရမ်း စားကောင်းတာကြောင့် ရောက်ရင် စားဖြစ်အောင် စားခဲ့ကြဖို့ ပြောချင်ပါတယ်။

နောက်ပြီးတော့ သူ့ဆိုင်မှာက မာလာထန်ကိုမှ အရိုးပြုတ်ရည် / စီချွမ်း မာလာ/ ခရမ်းချဉ်သီး ဟင်းရည် ဆိုပြီး အရသာ သုံးမျိုးတောင် ရှိသေးတယ် ။ adminကတော့ ဒီနေ့ အရိုးပြုတ်ရည် နဲ့ စီချွမ်း မာလာ နှစ်မျိုးကို စားခဲ့ပါတယ်။ အစပ် level လည်း ရွေးလို့ရပြီး admin တို့ကတော့ နှစ်ခုလုံးကို level 2 နဲ့ စားခဲ့ပါတယ်။

အရသာကိုပြောရရင်တော့ အရိုးပြုတ်ရည်ကတော့ ချိုစပ်ဘက်ကို ပိုသွားပြီး လူကြီးပိုင်းတွေနဲ့ အစပ် အရမ်းမစားနိုင်တဲ့ သူတွေအတွက် ကွက်တိကျမယ်လို့ ထင်ပါတယ်။ နောက်ပြီး adminဆို အမြဲ စီချွမ်း အရသာနဲ့ စားရင် ထမင်းနဲ့ နယ်စားဖြစ်ပေမယ့် သူ့ အရသာက ထုံစပ်ဆိုတော့ အရည်ကိုတော့ ဒီတိုင်းကြီး မသောက်ဖြစ်ဘူးပေါ့နော် ။

ဒါပေမယ့် အရည်လေးလည်းသောက်ရင်း စားချင်တဲ့ သူတွေအတွက်ကတော့ ဒီ အရိုးပြုတ်အရည် အရသာကို စားကြည့်ဖို့ ပြောချင်ပါတယ်။ သူကလေ level 3 လောက်နဲ့ စားရင်တောင် အရမ်းကြီး စပ်နေတာမျိုး မဟုတ်ဘဲ ပုံမှန် ချိုစပ် အရသာလေးပဲ ဆိုတော့ အစပ်ကြိုက်တဲ့သူတွေဆို level3 လောက်နဲ့ စားကြည့်ခဲ့ဖို့ ပြောချင်ပါတယ် ။

နောက်တစ်ခုကတော့ စီချွမ်း မာလာအရသာလေးပါ။admin ကlevel 2နဲ့ စားခဲ့တာဆိုတော့ သူ့အရသာလေးက အရမ်းကြီးလည်း မထုံဘဲနဲ့ ပုံမှန် အစပ်စားတဲ့လူဆို Level 2 လေးဘဲ စားပြီး အစပ် ကြိုက်တဲ့ သူတွေကတော့ level 3/ 4 ကို စားကြည့်ရင် ကွက်တိပဲ။ ပဲလိပ်တို့ အီကြာကွေးတို့ဆိုလည်း အရည်ထဲ နှစ်ပြီး စားလိုက်ရတဲ့ အရသာက တစ်ကယ်ကို လိုက်ဖက်နေရောပါပဲ။သူ့ဆီမှာက hot pot ဆိုင်တွေမှာ တွေ့ရသလို အချဉ်စပ်တဲ့နေရာလေးလည်း ရှိတယ်နော် ။

ကိုယ်တိုင်ပဲ စပ်မလား ဆိုင်က အစ်ကို အစ်မတွေကိုပဲ စပ်ခိုင်းမလား? Adminကတော့ ယူလိုက်တဲ့ အသားတွေရယ် ပင်လယ်စာတွေရယ်နဲ့ စားဖို့ ဆိုင်က အစ်မ စပ်ပေးတဲ့ အချဉ်နဲ့ ရှယ်စားခဲ့ပါတယ်။

အရွက်တွေ / အသားတွေဆိုလည်း တစ်ကယ် အများကြီး ရွေးချယ်လို့ ရတဲ့အပြင် လူတွေများနေတဲ့ အချိန်မှာတောင် မှာပြီး ဘယ်လောက်မှ မစောင့်ရတာကတော့ admin အကြိုက်ဆုံး အချက်ပဲ ဖြစ်ပါတယ်။

Adminက အရသာ သိချင်လို့ ၂ မျိုး မှာခဲ့တယ် ဆိုပေမယ့် တစ်ပွဲကို ထမင်းအပါအဝင် ၁၄၀၀၀-၁၅၀၀၀ကျပ် ဝန်းကျင်ပဲ ကျခဲ့ပါတယ်။ သူငယ်ချင်း၂ ယောက်ကတော့ အေးဆေး အဝစားလို့ရပြီး အစားနည်းတဲ့သူဆိုရင် 3 ယောက်စာကိုမှ တစ်ယောက်ကို ၅၀၀၀ ကျပ်ပဲ ကျတော့မှာဆိုတော့ ပြန်ရတဲ့ အရသာနဲ့ ပေးရတဲ့ စျေးက တန်တယ်လို့ ပြောလို့ရပါတယ်။

Admin ကတော့ နောက်လည်း အမြဲစားဖြစ်တော့မယ့် ဆိုင် listထဲ ထည့်လိုက်ပြီမို့ မစားဖူးသေးတဲ့ သူတွေလည်း သေချာပေါက် သွားစားကြည့်ကြဖို့ recommend ပေးချင်ပါတယ်။

https://facebook.com/kokofumalatang/

Ko Ko Fu (Junction City) · Myanmar (Birma), MM ရန်ကုန် ဗိုလ်ချုပ်လမ်း Unit No.021 ,Level - 4 Junction City
★★★★☆ · Chinees restaurant
ဆိုင်လိပ်စာ- Level 4, Junction city ,ရန်ကုန် (Jo Jo hot pot ဆိုင် ဘေးကပ်ရပ်)

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ