စားလို့လည်း ကောင်း ဓာတ်ဖမ်းလို့လည်း ကောင်းတဲ့ တောင်ဥက္ကလာက ဆိုင်လေး

စားလို့လည်း ကောင်း ဓာတ်ဖမ်းလို့လည်း ကောင်းတဲ့ တောင်ဥက္ကလာက ဆိုင်လေး

ဆိုင်တွေ ပေါများတဲ့ တောင်ဥက္ကလာမှာ admin ကတော့ ဆိုင်ကောင်းလေး တစ်ဆိုင်ကို ထပ်မံ ရှာတွေ့လာပါပြီ။ admin လိုမျိုး တစ်နေရာသွားရင် ဓာတ်ပုံကလည်း ရိုက်ချင် စားကလည်း စားချင်တဲ့ သူတွေရှိမယ်ဆိုရင် ဒီဆိုင်လေးက လုံးဝ အဆင်ပြေစေမှာ အသေအချာပါပဲ။

သူ့ဆိုင်လေးက နှစ်ထပ်ဖြစ်ပြီး တော်တော်လေးလည်း အေးအေးဆေးဆေးရှိတယ်။ အပေါ်ထပ်မှာဆိုရင် မြန်မာဆန်ဆန် ဆိုင် အပြင်အဆင်လေးတွေနဲ့ ဓာတ်ဖမ်းချင်တဲ့ သူတွေအတွက် ကွက်တိပဲ။ အောက်ထပ်မှာဆိုရင်လည်း အေးအေးဆေးဆေးလေးထိုင်ပြီး စားသောက်ချင်တဲ့ သူတွေအတွက် တော်တော် အဆင်ပြေတယ်။

Admin တို့ကတော့ စားလိုက် အပေါ်ထပ်လေးမှာ ဓာတ်ပုံတွေရိုက်လိုက်နဲ့ အဆင်တွေပြေနေရောပဲ တစ်ကယ်။စာအုပ်စင်လေးလည်း ထားပေးထားတော့ အေးဆေး စာအုပ်ဖတ်ပြီး အပေါ်ထပ်မှာ နေလို့လည်း ရတယ်နော်။

ကြက်ငရုတ်ကောင်းချက်-5000ks ကြက်သားနူးအိနေတာလေးကိုမှ ငရုတ်ပွရယ် ငရုတ်ကောင်းလေးရယ်နဲ့ ချက်ထားတာ။ ထမင်းပူပူလေးနဲ့ တွဲစားကြည့်ရင် တစ်ကယ် ရှယ်ပဲနော်။
ကြက်သောက်စမ်းဟင်းရည်-5000ks ဒီလို အေးနေတဲ့ အချိန်မှာ ကြက်သောက်စမ်းဟင်းရည် ပူပူလေးနဲ့ ထမင်းလေးက အရမ်းကိုလိုက်ဖက်နော်။ ပုံမှန်နဲ့ မတူတာကတော့ သူက ဟင်းရည်ထဲမှာ မျှစ်ချဉ်လေးတွေပါ ပါတယ်ပေါ့နော်။အသားလည်းများပြီး အရသာကလည်း ချဉ်ငံစပ်လေးမို့လို့ ဟင်းရည်မှာဖို့ စဉ်းစားထားတယ်ဆို ဒီဟာလေး သောက်ကြည့်ကြဖို့ admin က ပြောချင်ပါတယ်။

စားစရာတွေရော သောက်စရာတွေရောဆိုလည်း အကုန်နီးပါး admin အကြိုက်တွေ့တယ် ပြောရမယ်။ အဲ့ထဲမှာမှ အမဲလုံး မျှစ်ချဉ်ခေါက်ဆွဲ,ပုစွန်ထမင်းကြော် , ငါးကင်ပွန်းချဉ်ကင် နဲ့ ကြက်ငရုတ်ကောင်းချက်ကတော့ admin အကြိုက်ဆုံးပဲ။ နောက် သောက်စရာထဲမှာဆိုရင်Mango Yoghurt Latte ကိုတော့ တော်တော် ကြိုက်တယ်။ကဲ ဒါဆို အောက်က ပုံလေးတွေမှာ admin စားခဲ့တာလေးတွေကို အသေးစိတ်နဲ့ စျေးနှုန်းလေးတွေပါ ပြောပြပေးထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက်ဖတ်ပေးကြဦးနော်။

ငါးကင်ပွန်းချဉ်ကင်-7500ks ဒါကတော့ admin ဒီဆိုင်ရောက်မှ ပထမဦးဆုံး စားဖူးတာလေး။ သူ့ငါးကင်ကလေ အပေါ်မှာ ကင်ပွန်းချဉ်ရွက်ကို အနှစ်လေးလုပ်ပြီး စမ်းထားတာကို တော်တော်လေး အရသာဝင်တယ်။ ငါးဆိုလည်း နူးအိနေပြီး ကင်ပွန်းချဉ်ရဲ့ ချဉ်စပ်အရသာလေးနဲ့ဆိုတော့ ပြောမပြတတ်အောင်ပါပဲ အရသာကတော့။
အမဲလုံး မျှစ်ချဉ်ခေါက်ဆွဲ-3500ks ဒါဆိုလည်း ဆိုင်ရောက်မှ စားဖူးတာ။ admin က အမဲလုံးခေါက်ဆွဲဆို အရမ်းကြိုက်ပေမယ့် မျှစ်ချဉ်တော့ မစားတဲ့ သူမို့လို့ ဒါကို အစက မကြိုက်လောက်ဘူးပဲ ထင်ခဲ့တာ။ နောက်တစ်လုပ်လောက်စမ်းစားကြည့်မှ သူ့ရဲ့ combination ကတော်တော်ကို ကောင်းတာ။ မျှစ်ချဉ်ဟင်းလိုမျိုး အရသာမဟုတ်တော့admin လို မျှစ်ချဉ်မကြိုက်တဲ့ သူတွေပါ စားကြည့်လို့ရတယ်နော်၊အမဲလုံးဆိုလည်း ဆိုင်မှာ ကိုယ်တိုင်လုပ်တာလို့ ပြောတယ်။ admin ရန်ကုန်မှာဆို အမဲလုံးကြိုက်တဲ့ဆိုင် ရှားတာ ဒီဆိုင်ကတော့ တစ်ကယ်ကောင်းတဲ့ထဲ ပါတယ်။
မာလာကြက်ခြေထောက်-4000ks မာလာကြက်ခြေထောက်ကတော့ စားကောင်းပေမယ့် admin တို့ ပုံမှန်စားနေကြအရသာနဲ့ အရမ်းကြီးတော့ မကွာဘူးလို့တော့ ထင်တယ်။ ဒါပေမယ့် စပ်စပ်လေးနဲ့ ကြက်ခြေထောက်ကြိုက်တဲ့ သူတွေဆို အကြိုက်တွေ့မှာမို့လို့ စားကြည့်ခဲ့ကြနော်။
နန်းပြားသုပ်-2800ks မနက်စာကောင်းကောင်းလေး စားချင်တဲ့ သူတွေအတွက်လည်း နန်းပြားသုပ်လေးရှိတယ်နော်။ အခြား မနက်စာ menuတွေလည်း အစုံအလင်ရှိတာမို့လို့ page ထဲမှာလည်း အသေးစိတ်ဝင်ကြည့်လို့ ရပါတယ်။
ပုစွန်ထမင်းကြော်-5000ks မှာတာတွေများပြီး မစားနိုင်တော့ဖူးထင်တဲ့ admin ဒီ ပုစွန်ထမင်းကြော်ကို တစ်ယောက်တည်း အကုန်စားခဲ့တဲ့ အထိပါပဲ ဘယ်လောက်ကောင်းလဲဆိုရင်။ ပုံမှန်ပုစွန် ထမင်းကြော်ဆို ပုစွန်လေးက သေးသေးနဲ့ကိုမှ ဒီဆိုင်မှာကတော့ ပုစွန်အကြီး နှစ်ကောင်အပြင် ချိုပြီး အသားတွေကလည်း အပြည့်ပဲ။ ပြီးတော့ အစပ်မစားချင်တဲံ့ သူတွေ ကလေးတွေ စားမယ်ဆိုလည်း ဒါလေးကို admin ကတော့ တော်တော် recommend ပေးချင်ပါတယ်။
သုံးထပ်သား ဂေါ်ဖီကြော်-3500ks Admin အပေါ်မှာ ပြောခဲ့တာတွေက အစပ်တွေများတော့ အချိုစားချင်တဲ့ သူတွေအတွက်ဆို ဒါလေးက အဆင်ပြေပါမယ်။
Mango Yogurt Latte-4500ks ဒါကတော့ ဆိုင်ရောက်ရင် သောက်ကို သောက်ခဲ့ရမယ့် အအေးလေးနော်။
Blue Coffee-4000ks ကော်ဖီကြိုက်သူတွေအတွက် ။
Matcha tea (hot)-4000ks admin လို Matcha lovers တွေအတွက်။ နောက်တစ်ခေါက်ကြရင်တော့ အပူမဟုတ်ဘဲ အအေးလည်း သောက်ကြည့်ဖို့ စဉ်းစားထားတယ်။
ဆိုင်ရဲ့ အဝင်ဝလေး။ စားလို့လည်း ကောင်းရမယ် ဓာတ်ပုံလည်းရိုက်လို့ရမယ့်ဆိုင်ကောင်းကောင်းလေးကို ညွှန်းပေးလိုက်ပြီဆိုတော့ ကိုယ့်ဘက်က သွားဖို့ပဲ ကျန်တော့တယ်နော်။

ဆိုင်နာမည်-ကိုးကဖေးဟောက်စ် Koe Cafe House

ဆိုင်လိပ်စာ-အမှတ် (၁၃/ဘီ) ၊ မေတ္တာလမ်း၁၁ ရပ်ကွက် ၊ တောင်ဥက္ကလာ

ဖုန်း-09880100846 /09880100847

Read more

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale