Korean ကြက်ကြော် အရသာကို ဈေးသက်သက်သာသာနဲ့ စားလို့ရတယ့် Thura's Kitchen

Korean ကြက်ကြော် အရသာကို ဈေးသက်သက်သာသာနဲ့ စားလို့ရတယ့် Thura's Kitchen

ဒီဆိုင်လေးက မင်မင် လွန်ခဲ့တယ့် နှစ်နှစ်လောက်ကတည်းက စားဖူးတယ်ပေါ့ ဒါပေမယ့် မစားတာကြာလို့ သွားစားဖြစ်ခဲ့တယ်။ အရသာကတော့ အရင်အတိုင်းကောင်းမြဲကောင်းဆဲဘဲ။ ဆိုင်ခန်းလေးကတော့ မင်မင်တို့က လှည်းတန်းဆိုင်ကိုသွားဖြစ်ခဲ့တယ်။ ဆိုင်ခန်းလေးကတော့ နည်းနည်းသေးတယ်။ အေးဆေးလေး chill ချင်တယ် ကြက်ကြော်လေးလည်း စားမယ်ဆိုရင်တော့ အင်ယားဆိုင်ခွဲကို သွားပြီးစားလို့ရတယ်။ အရသာကောင်းတာတော့ ထူးမပြောတော့ဘူး Akhayar ပရိတ်သတ်ကြီးတို့ဘဲ ကိုယ်တိုင်သွားစားကြည့်ကြတော့နော်။ မင်မင်မှာစားဖြစ်တာလေးကတော့....

Mala Korean Fried Chicken- 6000 ks

Mala Korean Fried Chicken မှာဆိုရင် ကြက်ပေါင် 4တုံး အတောင်ပံ 4တုံးပါတယ်။ အရသာကတော့ Korean အနှစ်အရသာလေးရတယ်။ Mala ဆိုပေမယ့် အရမ်းမစပ်တာကြောင့် စားရတာအဆင်ပြေတယ်။ စားသုံးသူတွေအဆင်ပြေအောင်လည်း လက်အိတ်ပေးတယ်။ ကြက်ကြော်က juicy ဖြစ်ပြီး အနှစ်နဲ့မို့ စားရတာအရမ်းသဘောတွေ့မိတယ်။ ဆီသန့်နှင့် ကြော်ထားတာမို့ စားရတယ့် အရသာကိုကွက်တိရတယ်။ အရသာရယ် 8ခုပါတာကြောင့် ပေးရတယ့် ဈေးနဲ့တန်တယ်လို့ထင်တယ်။ မင်မင်တစ်ယောက်တည်းတောင် စားလို့မဝဘူး စားကောင်းလွန်းလို့။

Thura Dumpling- 3000ks

Thura Dumpling ကတော့ Thura's Kitchen ရဲ့ Signature ဖြစ်ပါတယ်။ စားရတာ အတွင်းအသားလေးတွေက အိတယ်။ Chinese Dumpling ပုံစံမျိုးဖြစ်ပြီး မာလာအနှစ်လေးတွေ စမ်းပေးထားတာမို့ စားရတာ အရသာရှိတယ်။

မင်မင့်အမြင်ကတော့ ကြက်ကြော်က အရသာလည်းရှိတယ်။ စားရတာလည်း အဆင်ပြေပြီး စားလို့လည်းကောင်းတယ်။ ဈေးလည်းတန်တာကြောင့် Akhayar ပရိတ်သတ်ကြီးတို့လည်း သွားစားကြည့်ဖို့တိုက်တွန်းလိုပါတယ်။

Korean Thura’s Kitchen 뚜라 치킨 · 507 Pyay Yeik Thar Rd, Yangon, Myanmar (Birma)
★★★★☆ · Restaurant
ဆိုင်လိပ်စာ - No.507၊ လှည်းတန်း၊ ပြည်လမ်း ၊ ရန်ကုန်။
ဖုန်း - 095053207
ဆိုင်ဖွင့်ချိန် - မနက်(10)နာရီ မှ ည(9)နာရီ
https://www.facebook.com/thura.tv

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်