ဒီတစ်ပတ်မိတ်ဆက်ပေးမှာက မုန့်တွေပေါတယ်ဆိုပြီးနာမည်ကြီးတဲ့ကျောက်မြောင်းကဆိုင်ကောင်းလေး ၃ ဆိုင်

ဒီတစ်ပတ်မိတ်ဆက်ပေးမှာက မုန့်တွေပေါတယ်ဆိုပြီးနာမည်ကြီးတဲ့ကျောက်မြောင်းကဆိုင်ကောင်းလေး ၃ ဆိုင်

  1. လတ်တလောကျောက်မြောင်းထဲမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ Chamဇလုံတုန်ယမ်း
  • ဆိုင်ရဲ့Signature menu ဖြစ်တဲ့…ဇလုံတုန်ယမ်း/ဝက် (ပွဲသေး)
  • အဝမဟုတ်ရင်၂ယောက်ကတော့အေးဆေးစားလို့ရတယ်။ပူပူစပ်စပ်လေးနဲ့အရမ်းစားကောင်းလို့နေ့တိုင်းစားရရင်တောင်ရိုးနိုင်မယ်မထင်ဘူးရယ် ထည့်ထားတဲ့စပါးလင် ရှောက်ဘီးလူးရွက်အနံ့လေးကမစားရသေးခင်မှာတောင်တော်”စွဲဆောင်နေပြီ
  • ပြည်ကြီးငါး၊ပုစွန်ရဲ့လတ်ဆတ်မှုကိုလည်းခံစားရပြီး ဝက်သားလုံးအိအိလေးကလည်းစားလို့ကောင်းနေရော…ဝက်ခေါက်ကင်ကဝက်ခေါက်လေးကတော့နည်းနည်းမာတယ်။
  • အရည်ကလဲပစ်ပစ်နှစ်နှစ်လေးနဲ့တအားသောက်လို့ကောင်းမှိုတွေလည်းပါတယ်။ဆိုင်ကAirconလည်းအေးနေအောင်ဖွင့်ထားတာမို့ ပူပူစပ်စပ်စားလည်းချွေးမထွက်အလှမပျက်စေပါဘူးနော်
  • စျေးနှုန်းလေးက”၁၀၀၀၀” ပေးရတဲ့စျေးနဲ့တကယ်တန်ပါတယ်၊ Seafood တွေလည်းများလို့ ဒီဆိုင်ရောက်ရင်စားကိုစားကြည့်ပါ
  • Signature ဝက်ဇကောဗန်း-သူကထမင်းမဟုတ်ပဲ ကောက်ညှင်းစီးစီးလေးနဲ့ပါ
  • ဝက်ခေါက်ကင်/ဝက်ဂုတ်သားကင်နဲ့ဝက်နေတစ်လှမ်းကြော်၃မျိူးလုံးနဲ့တွဲစားလို့ရတော့တစ်ပွဲချင်းမှာတာထက်အများကြီးတန်တယ်။
  • ဝက်ခေါက်ကင်ကဇလုံတုန်ယမ်းထဲကဝက်ခေါက်ကင်နဲ့တူတူပဲ ဝက်နေတစ်လှမ်းကတော့ကြွပ်ရွပြီးတော်တော်ကောင်းတယ်။
  • ဝက်ဂုတ်သားကင်ကဂုတ်သားလေးမို့နူးညံမှုကတော့အထူးပြောစရာမလိုဘူးပေါ့အချိုအရသာလေးကိုလည်းခံစားရတယ်။ တွဲစားဖို့ (မန်ကျည်းsauce/ Thai sauce) ၂မျိုးပေးထားတယ်။
  • ဝက်ဂုတ်သားကင်ကိုThai sauce လေးနဲ့တွဲစားဝက်သားကအချိုအရသာလေးပါတော့sauce ကငရုတ်သီးစပ်စပ်လေးနဲ့ဆိုတော့လိုက်ဖက်တာပေါ့။သူ့စျေးနှုန်းလေးလည်း”၁၀၀၀၀”ဘဲတန်လည်းတန်စားလို့လည်းကောင်းနော်
  • ကြက်ခြေထောက်ပေါင်း (၄၅၀၀)-အချိုကြိုက်တဲ့လူကြီး၊ကလေးတွေဆိုကြိုက်မှာသေချာတယ်။ တရုတ်မဆလာနံ့မွှေးမွှေးလေးနဲ့ ကြက်ခြေထောက်ကလည်းနူးညံနေရော၊ ကြက်သွေးနဲ့ကြက်ဥကိုလည်းထည့်ပေးထားပါတယ်။
  • ဆိုင်က၂ထပ်ကိုအရမ်းအကျယ်ကြီးလည်းမဟုတ်ပဲလှတယ်မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ်အေးဆေးလေး Chillချင်ရင်အဆင်ပြေတဲ့ဆိုင်လေးထဲပါတယ်။
အမှတ်(၃၈)၊သတိပဠာန်လမ်း၊ကျောက်မြောင်း၊တာမွေမြို့နယ် (သတိပဠာန်လမ်းတည့်တည့် လမ်းအလယ်လောက်ညာဘက်အခြမ်းမှာပါ)
10:00Am to 9:00Pm
09952879999

  1. ညနေခင်းလေးမှာအေးဆေးChillလို့ရမဲ့ ၅၀၀ကျပ်ကနေစတဲ့budget အကင်ဆိုင်လေး

ဒီဆိုင်လေးကိုသိနေတာနည်းနည်းကြာပြီမရောက်ဖြစ်ဘူးဒီနေ့တော့တကူးတကကိုသွားစားကြည့်ခဲ့တယ်။

  • Years&Months BBQ Villageဆိုကျောက်မြောင်း၊ဩဘာလမ်းတစ်ဝိုက်မှာမသိသူမရှိလောက်ဘူးထင်တယ်။စျေးလေးတွေကလည်းခုကုန်စျေးနှုန်းနဲ့ဆိုတန်တယ်လို့ပြောရမယ်။
  • အသီးအရွက်တွေဆို ၅၀၀ ၊အသားတွေဆို ၁၅၀၀ ၊ပြည်ကြီးငါး၊ပုစွန်၊ရေဘဝဲလေးတွေက ၂၀၀၀ ၊-ပုစွန်မှာဆိုအခွံခွါပြီးစီချွမ်အရသာလေးနှပ်ထားတာဆ်ို၂ကောင်ပါတယ် ၁၅၀၀ဘဲ ၊ငါးကင်ကအကောင်ကြီးကိုမှ ၇၅၀၀အဲ့တာစျေးအများဆုံးပါ။မင်မင်စားခဲ့တဲ့ထဲမှာအကြိုက်ဆုံးလေးက…
  • ခရုချဉ်စပ် သူက ၁၀၀၀၊လုံးဝမညှီဘူးပင်စိမ်းနံ့လေးနဲ့ထုပ်ထုပ်လေးမို့တော်တော်ကြိုက်တယ်၊-ပြည်ကြီးငါးဆိုလဲအကိတ် ပြီးတော့အိအိလေး၊ပုစွန်စီချွမ်ကတော့ပါးစပ်ထဲရောက်တာနဲ့ပျော်ဝင်သွားသလိုမျိုးကိုနူးညံ့နေတာ…ပင်လယ်စာတွေတော်တော်လတ်တယ်ပြောရမယ်။
  • အသားတွေဆိုလည်းအတုံးပိစိလေးတွေမဟုတ်ဘူးနော်နှပ်ထားတဲ့အရသာတွေလည်းမပြင်းပဲနဲ့အသားထဲစိမ့်ဝင်နေလို့စားလို့အရမ်းကောင်း ဝက်နံရိုးကင်လေးကလည်းနူးနူးညံညံလေးရယ်အရိုးနုထုပ်ထုပ်လေးရယ်-မန်ကျည်းချဉ်ကလည်းမစပ်ဘူးချိုချိုချဉ်ချဉ်အရသာလေး၊နောက်ပြီး မာလာမှုန့်ကိုလည်းပေးထားတယ်မင်မင်ကတော့မာလာမှုန့်လေးတို့စားရတာပိုကြိုက်တယ်။အပြင်ထွက်ရမှာပျင်းတယ်ဆိုရင် ဖုန်းဆက်ပြီးလည်းမှာလို့ရတယ်။
Years&Months BBQ Village · No.6 Shwe Bo St, Yangon, Myanmar (Birma)
★★★★☆ · Barbecueplek
Booking 09421017862 ၊ 095092036
ဆိုင်ဖွင့်ချိန် ညနေ ၄:၃၀မှ ည၉ နာရီထိ။
ဆိုင်တည်နေရာ - အမှတ်( ၁၅ ) ကျောက်မြောင်း ဩဘာလမ်းနဲ့ရွှေဘိုလမ်းထောင့်( king tea shop အနီး) ။

  1. ဖွင့်တာလပိုင်းပဲရှိသေးတဲ့ ကျားကွက်သစ်လမ်းပေါ်က အဆင်လေးရဲ့ ရေခဲမုန့်

ဒါနဲ့ဆို၂ခါမြောက်စားတာပါ ဆိုင်နာမည်လေးက Yummy Ice cream Rolls

ဒီတစ်ခါအသီးအစစ်နဲ့လုပ်ထားတာလေးtryကြည့်ခဲ့တယ်

  • Sizeက small, large ၂မျိုးရှိတယ်။Small-1500Large-2500အသီးအစစ်နဲ့ဆိုရင်တော့3000, Sizeက Largeနဲ့တူတူဘဲ။မင်မင်စားခဲ့တာ Mango Avocado ၂မျိုး
  • Mango Ice cream Rollကမွှေးမွှေးချိုချိုလေးကိုမှအပေါ်ကစမ်းထားတဲ့ Strawberry syrup ရဲ့အချဉ်အရသာပိစိလေးရယ်ပေါင်းစပ်ထားတဲ့အရသာလေးကရင်ထဲကိုအေးမြထိမိနေရောနော်

Avocado Ice cream Roll

  • သူကတော့Avocado အရသာစိမ့်စိမ့်လေးပေါ့အစိမ့်ဘက်သွားတာမို့ Chocolate syrup လေးစမ်းခဲ့တယ် စိမ့်စိမ့်ချိုချိုလေးပါ
  • 3000တန်ဆိုTopping၂မျိုး Syrup ၁မျိုးကြိုက်တာထည့်လို့ရတယ်မင်မင်က၂မျိုးလုံးကိုjelly,marshmallow လေးကြိုက်လို့ထည့်ခဲ့တယ်
  • အသီးအစစ်ရဲ့အရသာတကယ့်ကိုပေါ်လွင်ပြီးချိုချိုရဲရဲကြီးလည်းမဟုတ်ဘူး(ရောင်းတဲ့အကိုကြီးကလည်းချောတော့ပိုချိုတာပေါ့

မင်မင်ပြောတာဟုတ်မဟုတ်ကောင်းမကောင်းသိချင်ရင်သွားစားကြည့်ပါနော်

3:00Pm-9:00Pm
ကျောက်မြောင်း၊ကျားကွက်သစ်လမ်း၊စိတ္တသုခလမ်းထိပ်၊ 1stop martအရှေ့

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ