လျှစ်စစ်ကားတွေ ထုတ်လုပ်မှု ယာယီရပ်ဆိုင်းလိုက်တဲ့ Hyundai

လျှစ်စစ်ကားတွေ ထုတ်လုပ်မှု ယာယီရပ်ဆိုင်းလိုက်တဲ့ Hyundai

Tesla တွေရောင်းအားကျဆင်းတာလောက်ကို စာဖွဲ့နေတဲ့အချိန်မှာ အခြားလျှပ်စစ်ကား Brand တွေလည်း သူလိုကိုယ်လို ပြဿနာကိုယ်စီဖြစ်နေကြတာပါပဲ။ အခုဆို တောင်ကိုရီးယားမှာရှိတဲ့ Hyundai ကားကုမ္ပဏီကနေ လျှပ်စစ်ကားတွေ ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာလာပါတယ်။ အကြောင်းအရင်းကတော့ အမေရိကန်ရဲ့ အခွန်ကိစ္စကြောင့်ပါ။ 

ကုမ္ပဏီကနေ ဧပြီ 24 ကနေ 30 အထိ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ Ulsan စက်ရုံမှာ အချို့သောထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ယာယီရပ်တန့်မှာဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။ 

ဒါပေမဲ့လည်း Hyundai Motor ကတော့ ကျန်ရှိနေသေးတဲ့ လျှပ်စစ်ကားများကို လာမယ့် ၂ လအတွင်း သတ်မှတ်ထားတဲ့ ဈေးနှုန်းများအတိုင်းသာ ရောင်းချသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ 

ဒီကိစ္စက အစိုးရကနေ လျှပ်စစ်ကားထောက်ပံ့မှုတွေ ရုတ်သိမ်းတာနဲ့ အမေရိကန်ရဲ့ အခွန်တိုးမြှင့်တဲ့ကိစ္စပေါင်းပြီး ဈေးကွက်ထဲမှာ ဝယ်လိုအားတွေ လျော့ကျလာတာမို့ အခုလို ယာယီရပ်တန့်ခြင်းတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုနေကြပါတယ်။ Donald Trump အနေနဲ့ အမေရိကန်ကို တင်သွင်းမယ့် မော်တော်ကားနှင့် ထရပ်ကားများအပေါ်  ကုန်သွယ်ခွန် 25% အခွန်ပေးဆောင်ရမယ်လို့ သတ်မှတ်ထားတာပါ။ 

Read more

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ