လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

၁၉၈၂ ခုနှစ်တွင်ဂျပန်နိုင်ငံက Seiko ဆိုသော ကုမ္ပဏီက အဲ့ဒီ့အချိန်အခါက အံ့ဩဖွယ်ရာနည်းပညာနဲ့ ထုတ်လုပ်ထားသော လက်ပတ်နာရီကို မိတ်ဆက်ပေးခဲ့ပါတယ်။၎င်းနာရီက သာမန်နာရီမဟုတ်ပါဘူး၊မျက်စိကြစရာကောင်းတာထက်လည်းပိုခဲ့ပါတယ် ၊နာရီလောကတစ်ခုလုံးကိုအံ့အားသင့်စေခဲ့တဲ့အကြောင်းကတော့ ၎င်းနာရီမှာ (TV) နှင့် (Radio) ပါတာကြောင့်ပါ။
စဉ်းစားကြည့်ရရင် နှစ်၄၀ကျော်ခန့်ကမိမိလက်ပတ်နာရီမှာ TV ကြည့်နိုင်တယ်ဆိုတာ ထိုခေတ်အချိန်အခါအရဆိုရင် မယုံနိုင်စရာပါ။ယနေ့ခေတ်မှာတော့ smartwatch များက Seikoရဲ့ ဒီဇိုင်းကို အနည်းငယ်မှီငြမ်းထားသလားလို့တောင်အတွေးပေါ်စေပါတယ်။၎င်းဖန်တီးမှုကနာရီလောကအတွက်ကတော့တစ်ကယ့်ကိုဖန်တီးမှုကြီးဖြစ်ခဲ့ပါတယ်။
Seiko သည် နာရီထဲတွင် တယ်လီဗီးရှင်းနဲ့ ရေဒီယိုထည့်သွင်းဖန်တီးခြင်းဖြင့် နာရီတစ်လုံးကို သာမန်အသုံးအဆောင်ကိရိယာတစ်ခုထက် ပိုသုံးလို့ရတယ်လို့စတင်သိမြင်စေခဲ့ပြီး နည်းပညာလောကကို တစ်ခုလုံးကိုလှုပ်ခတ်စေခဲ့ပါတယ်။