လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အသင်းခေါင်းဆောင်ဟောင်း မက်ဆီဂုဏ်ပြု

လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အသင်းခေါင်းဆောင်ဟောင်း မက်ဆီဂုဏ်ပြု

အင်တာမိုင်ယာမီအသင်းခေါင်းဆောင်မက်‌ဆီဟာ ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ဂုဏ်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အက်စ်ပန်ညိုအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် လာလီဂါဖလားကို(၂၈)ကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဒီရာသီဟာ သူတို့ရဲ့အကောင်းဆုံးရာသီတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ လာလီဂါဖလားအပြင် စပိန်စူပါဖလားနဲ့ စပိန်ဘုရင့်ဖလားချန်ပီယံဆု‌တွေကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်နိုင်ခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် မထွက်ခွာချင်ဘဲ ထွက်ခွာခဲ့ရပေမယ့် သူနှစ်ပေါင်းများစွာကစားခဲ့တဲ့ အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတာဖြစ်ပါတယ်။ အခုလည်း မက်ဆီဟာ ဘာစီလိုနာအသင်းလာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရခဲ့ပြီးနောက် အသင်းရဲ့ပေ့ခ်ျမှာတင်ထားတဲ့ ‌ဆုဖလားပုံကို သူ့ရဲ့Instagram Story မှာတင်ကာ ဂုဏ်ပြုကြောင်း ရေးသားခဲ့တာပါ။

မက်ဆီဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ ခုနှစ်နွေရာသီမှာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ချိတ်ဆက်မှုခံခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်း‌ရွှေ့ခဲ့တာပါ။ မက်‌ဆီဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အင်တာမိုင်ယာမီအသင်းနဲ့ အောင်မြင်မှုရခဲ့ပေမယ့် ဒီရာသီမှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အက်စတွန်ဗီလာ - စပါး (ပရီးမီးယားလိဂ်) (17 May 2025/ 1:00 am) ဒီနှစ်သင်းက လက်ရှိမှာ ရည်မှန်းချက်ချင်းက အတော်ကွာခြားနေတယ်။ ဗီလာက အဆင့်(၆)မှာ ရမှတ်(၆၃)မှတ်နဲ့ရပ်

ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်

ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်

နာပိုလီအသင်းဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားကို အသင်းထံ ခေါ်ယူနိုင်ဖို့အတွက် ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချ

ချယ်လ်ဆီးနဲ့ပွဲအပေါ်မူတည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအသင်းရွေးချယ်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေကို နည်းပြအာမိုရင်သတိပေး

ချယ်လ်ဆီးနဲ့ပွဲအပေါ်မူတည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအသင်းရွေးချယ်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေကို နည်းပြအာမိုရင်သတိပေး

ဒီနေ့ကစားမယ့် ချယ်လ်ဆီး-မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဒီပွ

အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့် Mobile Chipset လို့ဆိုထားတဲ့ XringO1 အမည်ရ ကိုယ်ပိုင် Chiopset အသစ်ကို Xiaomi ကနေ အခုမေလကုန်ပိုင်းလောက်မှ မိတ်ဆက်သွားမယ်ဖြစ်ကြောင်း Xiaomi CEO Lei Jun ကိုယ်တိုင် Weibo မှာ ကြ