လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ (၃-၃)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းတောင်ပံကစားသမား လာမင်းယာမားလ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်က မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို အင်တာမီလန်အသင်းဂိုးဧရိယာထဲထိ တစ်ကိုယ်တော်ထိုးဖောက်ဝင်ရောက်ပြီး သွင်းယူခဲ့တဲ့ ယာမားလ်ဟာ ဒီပွဲမှာ အင်တာမီလန်အသင်းတစ်သင်းလုံးကို ဒုက္ခပေးနိုင်ခဲ့တာကြောင့် ရီယိုဖာဒီနန်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ချီးကျူးခဲ့တာပါ။

ရီယိုဖာဒီနန်က "ယာမားလ်ဟာစစ်မှန်တဲ့ဘောလုံးပါရမီရှင်တစ်ဦးအနေနဲ့ ကမ္ဘာ့ထိပ်တန်းလိဂ်(၅)လိဂ်မှာ ကစားနေတဲ့ ဘယ်ကစားသမားထက်မဆို နောက်ထပ်အဆင့်ကို ရောက်ရှိနေပြီလို့ထင်ပါတယ်။ အသက်(၁၇)နှစ်။ တကယ်ကို မယုံနိုင်စရာပါပဲ"လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကစားသမားဘ၀ ပွဲပေါင်း(၁၀၀)ပြည့်ခဲ့တဲ့ ဒီပွဲမှာ ယာမားလ်ဟာ ပွဲမတင်မီပြုလုပ်ခဲ့တဲ့ သွေးပူလေ့ကျင့်ခန်းမှာ ကြွက်သားနာကျင်မှုကို ခံစားခဲ့ရပေမယ့် ပွဲထွက်လူစာရင်းထဲ ပါဝင်ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒီပွဲက ယာမားလ်ရဲ့ စွမ်းဆောင်ရည်ကို CBS Sports ရဲ့ရုပ်သံဘောလုံးဝေဖန်သူတွေဖြစ်တဲ့ အွန်နရီ၊ ကာရေဂါနဲ့ မီကာရစ်ချတ်တို့ကလည်း ချီးကျူးခဲ့ပါတယ်။

ကာရေဂါက ယာမားလ်ရဲ့ကစားပုံက မက်ဆီကို ကြည့်နေရသလိုပဲလို့ ဆိုခဲ့သလို အွန်နရီက သူဟာ မက်ဆီကိုတောင် ကျော်ဖြတ်သွားနိုင်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ ယာမားလ်ဟာ သူ့ကိုယ်သူ မက်ဆီနဲ့ နှိုင်းယှဉ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားခဲ့ပါတယ်။ ယာမားလ်ဟာ အသက်(၁၇)နှစ်အရွယ်သာ ရှိသေးပေမယ့် ဘာစီလိုနာအသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု(၃၉)ဂိုးအထိ စံချိန်တင်ပြုလုပ်ထားပါတယ်။

Read more

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံ

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

Donald Trump ၏ဒုတိယသက်တမ်းစတင်ချိန်မှစ၍ Elon Musk ၏အသားတင်ပိုင်ဆိုင်မှုသည်ဒေါ်လာ 113 ဘီလီယံ သို့မဟုတ် 25% ခန့်ကျဆင်းသွားခဲ့သည်။ Tesla ၏ရှယ်ယာများသည် EV ရောင်းအားနည်းခြင်