စင်္ကာပူရှိ Nanyang Technological University မှ သိပ္ပံပညာရှင်များသည် အပူလျော့စေနိုင်သော အထူး cement တစ်မျိုးဖြစ်သော CCP-30 ကို ဖန်တီးခဲ့ကြသည်။အဆိုပါ cement သည်လူ့အရေပြားလိုပင် “ချွေး” ပြန်ခြင်းဖြင့်အဆောက်အဦးများကိုအေးစေပါသည်။

၎င်း cement တွင် အမျှင်သေးသေးများပါဝင်ပြီး ရေဓါတ်ကိုသိမ်းဆည်းထားနိုင်သည်။အချိန်တစ်ခုအထိရေဓါတ်ကိုဖြေးညှင်းစွာ ထွက်လာစေရန်ဖန်တီးထားသောကြောင့် ၎င်ရေးဓါတ်ဖြင့် နံရံအပူချိန်ကိုလျော့နည်းစေနိုင်ပါသည်။

အဆိုပါသုတ်ဆေးသည် နေရောင်ခြည်၏ 88-95% သော အပူများကိုလေထုမှတဆင့် ထုတ်လွှတ်ပေးပြီး စိုစွတ်သောရာသီဥတုတွင်ပင် တည်ငြိမ်အေးမြစေရန် ရေဓါတ် 30% ခန့်ကို ထိန်းသိမ်းထားသည်။

စင်္ကာပူတွင် လက်တွေ့စမ်းသပ်မှုများအရ အိမ်များသည် လေအေးပေးစက်အတွက် လျှပ်စစ်ဓာတ်အား 30-40% လျော့နည်းပြီး ပုံမှန်အအေးခံဆေးများထက် 10ဆ အထိ အအေးခံမှုကို ပေးစွမ်းနိုင်သည်။မြို့ပြများ​၏အပူကို တိုက်ဖျက်ရာတွင်လည်း ကူညီပေးပြီး 28% ကာဗွန်များကို လျှော့ချနိုင်သည်။