လီဗာပူးလ်အသင်းအတွက်နောက်ဆုံးပွဲမကစားမီ အာနိုးလ်ကို နည်းပြအာနီဆလော့ဝေဖန်မှုပြုလုပ်

လီဗာပူးလ်အသင်းအတွက်နောက်ဆုံးပွဲမကစားမီ အာနိုးလ်ကို နည်းပြအာနီဆလော့ဝေဖန်မှုပြုလုပ်

လီဗာပူးလ်-ခရစ္စတယ်ပဲလေ့စ် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့က လီဗာပူးလ်အသင်းကစားသမားဘဝနောက်ဆုံးပွဲစဉ်အဖြစ်ပါဝင်ကစားမယ့် အင်္ဂလန်နောက်ခံလူအာနိုးလ်ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းမှာ နှစ်(၂၀)ကြာကစားပြီးနောက် ရာသီကုန်မှာထွက်ခွာမယ့် ညာနောက်ခံလူအာနိုးလ်ဟာ အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကိုလည်း ခံနေရတာပါ။

လီဗာပူးလ်အသင်းကစားသမားတွေကတော့ အာနိုးလ်ကို လှောင်ပြောင်မှုတွေမပြုလုပ်ဖို့ အသင်းပရိသတ်တွေကို တောင်းဆိုထားတာဖြစ်ပါတယ်။ အာနိုးလ်ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ခုံပေါ်မှာသာရှိခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲပါဝင်မလား ဒါမှမဟုတ် လူစားဝင်အဖြစ်သာ ပါဝင်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အာနိုးလ်ရဲ့လေ့ကျင့်ရေးကွင်းမှာ ရုန်းကန်ခဲ့ရပုံတွေကို ဖွင့်ဟခဲ့ပါတယ်။

အာနီဆလော့က "သူ့ရဲ့လေ့ကျင့်ရေးကွင်းမှာရှိနေတဲ့ အချိန်မိနစ်တိုင်းကို ကျွန်တော်မပျော်ရွှင်ပါဘူး။ သူဟာ ပိုပြီးလုပ်နိုင်တဲ့အခိုက်အတန့်တွေရှိပါတယ်။ သူဟာလူတွေထင်တာထက် အများကြီးပိုကောင်းတဲ့ နောက်ခံလူတစ်ဦးဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့ပေမယ့် သူဟာဒါကို အချိန်တိုင်းမပြတတ်ဘူး"လို့ ဆိုခဲ့တာပါ။

အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းလူစာရင်းထဲမှာ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်