လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အသင်းဖော်ညာနောက်လူ အာနိုးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ မက်ဆေ့ချ်ပေးပို့သွားခဲ့ပါတယ်။ အာနိုးလ်က လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ဟာ သူ့ဘဝရဲ့အခက်အခဲဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အသင်းပရိသတ်တွေကို ဆိုထားပါတယ်။

အာနိုးလ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ့်အကြောင်း ကြေညာခဲ့ပြီးနောက် ပရိသတ်တွေဆီကနေ တုံ့ပြန်မှုအမျိုးမျိုးရရှိခဲ့ပြီး အချို့က အသင်းမှာ နှစ်ပေါင်း(၂၀)ကြာကစားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို အချို့ကတော့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့တဲ့အပေါ် သစ္စာဖောက်အဖြစ် ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းမှာ ဆုဖလား(၈)ခုရယူနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးညာနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။

လီဗာပူးလ်အသင်းမှာ အာနိုးလ်နဲ့အတူ နှစ်ပေါင်းများစွာကြာ တွဲကစားခဲ့တဲ့ ဆာလာဟာ အာနိုးလ်ထွက်ခွာမယ့်အပေါ် သူ့ရဲ့ခံစားချက်ကို ဆိုရှယ်မီဒီယာ X မှာရေးသားခဲ့ပါတယ်။

ဆာလာက "မင်းနဲ့ အထူးရင်းနှီးမှုကို မျှဝေခဲ့ရပြီး အတူတွဲကစားခဲ့ရတာဟာ ဝမ်းသာဖို့ကောင်းခဲ့ပါတယ်။ မင်းအကောင်း‌ဆုံးဖြစ်ဖို့ ဆုတောင်းပြီး ငါတို့တွေ ပြန်ပြီးထပ်တွေ့ကြမယ်ဆိုတာ သေချာတယ်"လို့ ဆိုထားတာပါ။

လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အန်ဖီးလ်မှာ ဧည့်ခံရမှာဖြစ်ပြီး ဒီပွဲမှာ အသင်းပရိသတ်တွေက အာနိုးလ်ကို ဘယ်လိုတုံ့ပြန်မှုတွေ ပြုလုပ်ကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

Read more

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

မြန်မာလိုဆိုရင် အနီးစပ်ဆုံး ပေါ့ပေါ့ပါးပါး ဒိတ်တင်းလုပ်ခြင်းလို့ ဘာသာပြန်နိုင်တဲ့ “Casual Dating” ဆိုတာ ဒီခေတ်မှာ ပိုပိုပြီးမြင်ရ ကြားရလာပါတယ်။ အတည်ရည်းစားမဟု

မကောင်းတဲ့ အကျင့်တွေကို ထပ်လဲလဲ လုပ်မိနေတာ ဘာကြောင့်လဲ? ဘယ်လိုရုန်းထွက်မလဲ?

မကောင်းတဲ့ အကျင့်တွေကို ထပ်လဲလဲ လုပ်မိနေတာ ဘာကြောင့်လဲ? ဘယ်လိုရုန်းထွက်မလဲ?

“ငါ ဘာလို့ မကောင်းတဲ့ အကျင့်တွေကို သိသိရက်နဲ့  အမြဲလုပ်မိနေတာလဲ” ဆိုတာမျိုး လူတိုင်းတွေးဖူးကြမယ်ထင်ပါတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့သူမျိုးကိုမှ သဘောကျတာ၊ တစ်ခုခု