လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆာလာဖွင့်ဟ

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆာလာဖွင့်ဟ

အီဂျစ်တိုက်စစ်မှူး ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီအချိန်မှာ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး သွားရောက်ကစားဖို့ နီးစပ်ခဲ့တယ်လို့ On Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ ဧပြီက လီဗာပူးလ်အသင်းနဲ့ (၂)နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ထင်ကြေးသတင်းတွေအားလုံးကို အဆုံးသတ်ခဲ့တာပါ။

ဆာလာဟာ ပြီးခဲ့တဲ့ (၂)နှစ်အတွင်းမှာ ဆော်ဒီကလပ်အများအပြားရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊သြဂုတ်က အယ်လ်အစ်တီဟတ်အသင်းရဲ့ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက အလျင်အမြန်ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆော်ဒီကလပ်အသင်းတွေဟာ အပြောင်းအရွှေ့အချိန်ရောက်တိုင်း ဆာလာကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။ အသက်(၃၂)နှစ်အရွယ်ရှိ ဆာလာဟာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ကာလရှည်ကြာအိပ်မက်ပစ်မှတ်အဖြစ်ရှိနေတာပါ။

ဆာလာက "ကျွန်တော်ဟာ ဆော်ဒီလိဂ်ကို သွားရောက်ဖို့ အခွင့်အရေးကောင်းရှိမယ်လို့ထင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးခဲ့ရင် ဆော်ဒီလိဂ်ကို သွားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဆော်ဒီမှာရှိတဲ့လူတွေနဲ့ ဆက်ဆံရေးက ကောင်းမွန်နေတုန်းပါပဲ၊လက်မှတ်ထိုးဖို့ လေးနက်တဲ့ ညှိနှိုင်းမှုတွေရှိခဲ့ပါတယ်"လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆာလာက လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးရသေးတဲ့အချိန်အတွင်းမှာ ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့ ချိတ်ဆက်မှုတွေကို ငြင်းဆန်ခဲ့တာပါ။ ဆာလာက လီဗာပူးလ်အသင်းပရိသတ်တွေနဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုတွေကြောင့်လည်း အသင်းမှာ ဆက်ရှိဖို့ဆုံးဖြတ်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၂၉)ဂိုးအပါအဝင် ပြိုင်ပွဲစုံ(၃၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂၃)ကြိမ်ပြုလုပ်ပြီး အသင်းကို ပရီးမီးယားလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ် - ချယ်လ်ဆီး (29 May 2025/ 1:30 am) ချယ်လ်ဆီးက ကွန်းဖရန့်လိဂ် မှာ တန်းမတူဘဲ ဆင်းထိုးတဲ့ ဟဲဗီးဝိတ်လက်ဝှေ့သမားလိ

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

Tesla သည်၎င်း ၏ကားများကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ဆော်ဒီအာရေးဗျနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့တွင်ပထမဆုံး Showroom နှင့် Service Center ကိုဖွင့်လှစ်ခဲ့သည်။ အဆိုပါ

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air ကိုလာမည့်ယခုစက်တင်ဘာလတွင် iPhone 16 Plus နေရာကိုအစားထိုးမည့်သီတင်းနှင့်အတူအခြားသီတင်းအသစ်များထွက်ပေါ်လာသည်။ iPhone 17 Air ၏အလေးချိန်နှင့်ပတ်သက်သည့်အချက်အလက်

Battery 7000mAh ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ realme GT 7

Battery 7000mAh ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ realme GT 7

Battery 7000mAh ကြောင့်ဆိုတာထက် အဓိကအကြောင်းအရင်းက realme GT 7 က 24 နာရီလုံး ရုပ်ရှင်ဆက်တိုက်ကြည့်နိုင်အောင် အားခံတာကြောင့်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စမတ်ဖု