လီဗာပူးလ်အသင်းထံ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဖရင်ပေါင် သဘောတူညီမှုရရှိ

လီဗာပူးလ်အသင်းထံ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဖရင်ပေါင် သဘောတူညီမှုရရှိ

လေဗာကူဆင်အသင်းရဲ့တောင်ပံနောက်ခံလူ ဖရင်ပေါင်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းထံ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဖရင်ပေါင်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်(၂၉.၅)သန်းပေးကာ ခေါ်ယူမှာဖြစ်ပြီး သူဟာ လာမယ့်ရာသီမတိုင်မီနည်းပြ အာနီဆလော့ရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာခဲ့တာပါ။

ဖရင်ပေါင်ကို ခေါ်ယူဖို့ ဥရောပထိပ်သီးအချို့က ပစ်မှတ်ထားနေပေမယ့် သူကတော့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ပြီး နယ်သာလန်အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်၊ဂရာဗန်ဘာ့ချ်၊ဂတ်ပိုတို့နဲ့ တွဲဖက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဖရင်ပေါင်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ လီဗာပူးလ်အသင်းနဲ့ ဆေးစစ်မှုတွေပြုလုပ်သွားမှာပါ။ လီဗာပူးလ်အသင်းဟာ ညာနောက်ခံလူအာနိုးလ်ကို ရာသီကုန်မှာ ထွက်ခွာခွင့်ပေးရမှာဖြစ်တဲ့အတွက် ဖရင်ပေါင်ကို ခေါ်ယူနိုင်ဖို့ အမြန်ဆုံးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဘရက်ဒလေကိုလည်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းဘယ်နောက်ခံလူ ကာကတ်ဇ်နဲ့ ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူနိုင်ဖို့လည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ ဖရင်ပေါင်ဟာ နည်းပြဇာဘီအလွန်ဆိုလက်ထက် လေဗာကူဆင်အသင်းမှာ အလွန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါဖလားကို ရှုံးပွဲမရှိရယူနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက လိဂ်(၃၁)ပွဲမှာ (၉)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၇)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ ဒီရာသီမှာ ဖရင်ပေါင်ဟာ လေဗာကူဆင်အသင်းအတွက် လိဂ်(၃၃)ပွဲမှာ (၅)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းအကယ်ဒမီထွက် ဖရင်ပေါင်ဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၁၂)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ