လီဗာပူးလ်ကထွက်ခွာမယ့် အာနိုးလ်ကို အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းအသုံးမပြုဘူးလို့ နည်းပြအာနီဆလော့ အတည်ပြု

လီဗာပူးလ်ကထွက်ခွာမယ့် အာနိုးလ်ကို အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းအသုံးမပြုဘူးလို့ နည်းပြအာနီဆလော့ အတည်ပြု

လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီကုန်အသင်းက ထွက်ခွာမယ့် ညာနောက်ခံလူအာနိုးလ်ကို ပွဲထွက်လူစာရင်းအသုံးမပြုဘဲ သူ့ရဲ့နေရာမှာ လူငယ်ကစားသမား ဘရက်ဒလေကို အသုံးပြုမယ်လို့ နည်းပြအာနီဆလော့က အတည်ပြုခဲ့ပါတယ်။ လီဗာပူးလ်အသင်းအကယ်ဒမီထွက် အာနိုးလ်ဟာ နှစ်ပေါင်း(၂၀)ကြာကစားခဲ့တဲ့ အသင်းကနေ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင်ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကြေညာခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အာနိုးလ်ထွက်ခွာမှာဖြစ်တဲ့အတွက် သူ့ရဲ့နေရာမှာ အစားထိုးဖို့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြအာနီဆလော့က လာမယ့်ရာသီအတွက် လီဗာပူးလ်အသင်းရဲ့အဓိကညာနောက်ခံလူအဖြစ် ဘရက်ဒလေကို အဓိကထားအသုံးပြုဖွယ်ရှိနေတာပါ။

အာနီဆလော့က "လာမယ့်တနင်္ဂနွေနေ့ပွဲအတွက် ဘရက်ဒလေဟာ လီဗာပူးလ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်မှာပါ။ သူဟာ လာမယ့်ရာသီပြင်ဆင်မှုအဖြစ် နောက်ထပ်ပွဲတွေကစားဖို့လိုအပ်ပါတယ်။ သူ့ကို အာနိုးလ်နဲ့ မနှိုင်းယှဉ်ပါနဲ့၊သူတို့နှစ်ဦးဟာ မတူညီတဲ့ ကစားသမားနှစ်မျိုးပါ။ ကျွန်တော်တို့ဟာ ဘရက်ဒလေကို ယုံကြည်မှုအများကြီးရှိပြီး ဒါကိုသူကပြသပြီးသားပါ"လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှုရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ