နှုတ်ခမ်းသားညိုမဲခြင်းတွေမဖြစ်စေဖို့ သဘာဝနည်းနဲ့ဘယ်လိုကာကွယ်မလဲ

နှုတ်ခမ်းသားညိုမဲခြင်းတွေမဖြစ်စေဖို့ သဘာဝနည်းနဲ့ဘယ်လိုကာကွယ်မလဲ

နှုတ်ခမ်းဆိုတာကလူတွေရဲ့ အရေးပါလှတဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဆိုလည်းမမှားပါဘူးနော်။နှုတ်ခမ်းရဲ့အရောင်ကလည်း၊လူတွေရဲ့ အသားရောင်လိုပါပဲတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။အဲ့ထဲမှာတစ်ချို့တွေကလည်း ညိုတာမျိုးတွေ၊ မဲတာမျိုးတွေဖြစ်နေတတ်ပါတယ်။တစ်ချို့ကျတော့လည်း ပန်းရောင်လေးလို လှပနေတတ်ပါတယ်။အချို့ကလည်းနှုတ်ခမ်းမဲနေရခြင်းက ဆေးလိပ်တွေသောက်တာများခြင်းကြောင့်လည်းဖြစ်နိုင်သလို၊  မျိုးရိုဗီဇကြောင့်လည်းညိုနေတတ်ပါတယ်။အဲ့လိုညိုမဲခြင်းကိုအရှင်းမပျောက်ရင်တောင် သဘာဝနည်းလမ်းနဲ့ကာကွယ်ပြီး သက်သာအောင်လုပ်လို့ရပါတယ်နော်။
ပျားရည်၊သံပရာရည်
ကိုယ့်အိမ်မှာအဲနှစ်မျိုးထဲက တစ်မျိုးကတော့ အမြဲရှိနေလောက်မှာပါနော်။ပျားရည်ကိုတော့  ညအိပ်ရင်မဝင်ခင်မှာကိုယ့်ရဲ့နှုတ်ခမ်းသားလေးကို ပွတ်ပေးရမှာပါ။သံပရာသီးမှာပါဝင်တဲအာနိသင်ကလည်းနှုတ်ခမ်းသားကိုနူးညစေပါတယ်။သံပရာသီးနဲ့ပျားရည်ကိုလည်းရောပြီးပွတ်ပေးလို့လည်းရပါတယ်။


နနွင်းမှုန့်
အိမ်တွင်းမီးဖိုချောင်ပစ္စည်းတွေရဲ့ပစ္စည်းတွေရဲ့မရှိမဖြစ်လို့လည်းပြောလို့ရပါတယ်အသုံးဝင်ပုံတွေကလည်းအံမခန်းပါပဲနော်။အခုအခါမှာလည်း နနွင်းမှုန့်ကိုရေနဲ့ပျစ်ပျစ်လေးဖျော်ပြီးထားပါ။ပြီးရင်ကိုယ့်ရဲ့နှုတ်ခမ်းကိုခြောက်သွေ့အောင်လုပ်ပြီး ၊ဖျော်ထားတဲ့နနွင်းရည်ကိုကိုယ့်ရဲ့နှုတ်ခမ်းသားကိုလ်မ်းပေးပါး။ခြောက်သွေ့အောင်ထိထားပေးပါနော်။ဒီနည်းလမ်းကိုတော့တစ်ပတ်မှာနှစ်ကြိမ်လောက်သာလုပ်ပေးသင့်ပါတယ်နော်။


အုန်းဆီ
အုန်းဆီကို ဆံပင်အတွက်သာမကပဲ နှုတ်ခမ်းသာအတွက်ပါအသုံးဝင်ပါတယ်နော်။သဘာဝအုန်းဆီစစ်စစ်ကိုတော့ အသုံးပြုဖို့တော့လိုအပ်ပါတယ်။အုန်းဆီက နှုတ်ခမ်းသားခြောက်သွေ့နေတာအတွက်ရော၊ညိုမဲခြင်းတွေကိုပါသက်သာစေပါတယ်။တစ်နေ့ကိုနှစ်ကြိမ်လောက်ကိုယ့်ရဲ့နှုတ်ခမ်းသားကိုပွတ်လိမ်းပေးရင်ရပါတယ်နော်။

Photo Credit -Pinterest

Kelly -Akhayar Lifestyle

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ