ပိုပြီးကြောက်စရာကောင်းတဲ့ Gameplay နဲ့ထွက်ရှိလာမယ့် Little Nightmares 2

ပိုပြီးကြောက်စရာကောင်းတဲ့ Gameplay နဲ့ထွက်ရှိလာမယ့် Little Nightmares 2

အဝါရောင်ကောင်လေး ကြောက်စရာကောင်းတဲ့လူတွေနဲ့ သရဲလိုကောင်တွေကြား ရုန်းရင်းဆန်ခတ်ပြေးခဲ့ရတဲ့ Platformer Puzzle Horror ဂိမ်းလေးကို ကျွန်တော့်အနေနဲ့ အထူးတလည်မိတ်ဆက်နေစရာလိုတော့မယ်မထင်ပါဘူး။ တကယ်လို့ Little Nightmares ကိုမသိခဲ့ဘူးဆိုရင်တော့ ဒီဆောင်းပါးမဖတ်ခင် Little Nightmare ဂိမ်းကဘယ်လိုလဲဆိုတာကို အရင်သိထားဖို့တော့လိုပါလိမ့်မယ်။

Little Nightmares 2 Trailer

အခုအခါမှာလည်း Little Nightmares 2 ဆိုပြီး အရင် Gameplay ပုံစံကိုပဲ ပိုကြောက်စရာကောင်းတဲ့ နေရာတွေ၊ လူတွေ၊ အကောင်တွေကြားမှာ ပြေးရလွှားရမယ့် ဂိမ်းအသစ်ကို မိတ်ဆက်ပြသသွားပါတယ်။ ဒီဂိမ်းမှာ အရင်ပုံစံနဲ့မတူတော့တဲ့တစ်ချက်ကတော့ Little Nightmare တုန်းက Six လေးနဲ့ အခုဂိမ်းသစ်မှာပါတဲ့ Mono လေးတို့ တွေ့ဆုံကြပြီး သူတို့နှစ်ယောက်က Signal Tower တစ်ခုကနေ Dark Signal တွေထုတ်လွှင့်နေတာကို ရပ်တန့်ဖို့အတွက် ခရီးနှင်ကြရမှာပါ။

Little Nightmares 2 Gameplay

ဒီတစ်ခေါက် Trailer နဲ့ Gameplay ကတော့ အရင် Little Nightmare ထက်ပိုကြောက်စရာကောင်းတဲ့ရန်သူတွေနဲ့ နေရာပိုစုံလာတာကိုသတိထားမိပါတယ်။ ဒါ့အပြင် Mono နဲ့ Six တို့ Co-Op ပုံစံမျိုးနဲ့ဆော့ကစားရမှာဖြစ်ပြီးတော့ ဒီကလေးလေးနှစ်ယောက် ကြောက်စရာကောင်းတဲ့မိစ္ဆာတွေကို ဘယ်လိုတားဆီးမလဲဆိုတာကိုတော့ ဂိမ်းကိုဆော့ကြည့်မှပဲသိရမှာပါ။ Little Nightmares 2 ကို Nintendo Switch၊ PS4၊ Xbox One နဲ့ Microsoft Windows မှာထွက်ရှိလာမှာဖြစ်ပြီး၊ ထွက်ရှိလာမယ့်နေ့ရက်ကိုတော့ အတည်တကျပြောထားခြင်းမရှိဘဲ ၂၀၂၀ အတွင်းထွက်ရှိလာမယ်လို့သာ သိရှိထားရပါတယ်။

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ