ကိုယ်က အတည်တွဲချင်တာလား၊ အပျော်လား၊ Hangout လုပ်ချင်ရုံပဲလား စတဲ့ခေါင်းစဥ်ကိုလိုက်ပြီး သုံးသင့်တဲ့ Dating App တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. Hinge

ဒီ App မှာတွေ့ရတတ်တဲ့ Relationship တွေက ပေါင်းစုံဖြစ်လို့ အပျော်ပဲဖြစ်ဖြစ်၊ အတည်ပဲဖြစ်ဖြစ် Overall အကောင်းဆုံး အဖြစ်ရွေးချယ်ခံထားတဲ့ App ပဲဖြစ်ပါတယ်။​ တစ်ခုရှိတာက FriendZone ထဲလည်း ရောက်သွားတတ််တယ်လို့ Review တွေမှာတွေ့ရတတ်လို့ သတိတော့ထားပါ။

၂. Bumble

ဒီ App ကတော့ အမျိုးသမီးတွေကို ဦးစားပေးတဲ့ App လို့ဆိုရပါမယ်။​ ဒီ App မှာက အမျိုးသားတွေက Register လုပ်ပြီး ကိုယ်ရေးအချက်အလက်တွေကို ဖြည့်ထားပေးရပြီး အမျိုးသမီးတွေက ကိုယ်ကြိုက်တဲ့အမျိုးသားကို ရွေးချယ်ပြီး စကားပြောတာကိုလုပ်လို့ရပါတယ်။ အမျိုးသားတွေဖက်က စပြီးစကားပြောတာမျိုးလုပ်လို့မရပါဘူး။ Personal Data ကိုလည်း အရမ်းဂရုစိုက်တယ်လို့ Review တွေရထားပါတယ်။

၃. eharmonay

ဒီ App မှာတော့ Serious Relationship ကိုကြိုက်တဲ့သူတွေပဲ သုံးကြတယ်လို့ Review တွေကဆိုပါတယ်။​ အဲ့တော့ Player တွေ၊ Playground တွေနဲ့မဆိုင်ပါဘူး။ အကောင့်ဖွင့်ကတည်းက Verified လုပ်တာ၊ အချက်အလက်တွေကိုလည်း အပြည့်အစုံထည့်ခိုင်းတာမို့ အမှန်အကန်ဒိတ်မယ်လို့ ဆုံးဖြတ်ပြီးမှ သုံးကြပါ

၄. Tinder

ဒါကတော့ မြန်မာကလူတွေ မသိတာရှားပါလိမ့်မယ်။ Tinder က အင်တာနေရှင်နယ်မှာတော့ Hangout လုပ်တာမျိုးနဲ့ အပျော်တွဲကြသူတွေပဲ အသုံးများကြပါတယ်။ Serious Rs ကိုသွားချင်တဲ့သူတွေကတော့ ရှောင်ကြပါတယ်။

၅. Badoo

Badoo ကတော့ လူပေါင်းစုံသလို၊ ပေါက်ကရတွေလည်း ပါလာတတ်ပါတယ်။ သူငယ်ချင်းလိုချင်သူတွေ၊ Just Date တွေ၊ အမှန်အကန်တွဲမယ့်သူတွေ၊ Player တွေလည်းပေါလို့ ဂရုစိုက်ပြီး သုံးရမယ့် Platform လို့ပဲပြောချင်ပါတယ်။