မနေ့က လိုင်ယွန်(၂-၂)မန်ယူနိုက်တက် ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ လိုင်ယွန်အသင်းသွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးလုံးမှာ အမှားအယွင်းပြုလုပ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာကို ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အိုနာနာဟာ မန်ယူနိုက်တက်အသင်းသမိုင်းမှာ အဆိုးရွားဆုံးဂိုးသမားတွေထဲက တစ်ဦးလို့ လိုင်ယွန်အသင်းကွင်းလယ်လူ မာတစ်ကပြောခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမှားအယွင်းတွေထပ်ပြီးပြုလုပ်လာခဲ့တာပါ။

Link ကိုနှိပ်ပြီး
ဆက်လက်ဖတ်ရှုပေးပါရန် >>>>>

မန်ယူနိုက်တက်အသင်းပရိသတ်တွေဟာ ဒီရာသီမှာ အမှားအယွင်းတွေအများအပြားပြုလုပ်နေတဲ့ ကင်မရွန်းဂိုးသမားအပေါ် သူတို့ရဲ့စိတ်ပျက်မှုတွေဟာ ပိုပြီးများပြားလာခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အိုနာနာဟာ ကြီးမားတဲ့အမှားအယွင်းတွေပြုလုပ်နေပြီး ဒီထက်ပိုကောင်းအောင်လုပ်ဖို့ လိုအပ်နေပြီလို့ TNT Sports မှာ ဆိုခဲ့တာပါ။

မန်ယူနိုက်တက်အကယ်ဒမီထွက် ရောဘီဆားဗေ့ချ်ကလည်း ဒါဟာ ကြောက်ဖို့ကောင်းတဲ့ ဂိုးသမားရဲ့အမှားအယွင်းဖြစ်ပြီး သူဟာ ဒါတွေကို ကာကွယ်မှုပြုလုပ်ဖို့ ကြိုးစားရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ကတော့ အမှားအယွင်းတွေလုပ်နေပေမယ့် သူဟာ ဂိုးသမားအိုနာနာအပေါ်မှာ အလွန်ယုံကြည်မှုရှိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုထားတာပါ။

Opta က ၂၀၀၃-၀၄ ရာသီနောက်ပိုင်း မိနစ်(၉၀၀)ကျော်ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းဂိုးသမားတိုင်းရဲ့အချက်အလက်တွေထဲမှာ အိုနာနာဟာ အဆိုးရွားဆုံး ပေးဂိုးမပေးရအောင်စွမ်းဆောင်နိုင်တဲ့ % နဲ့ ဒုတိယမြောက်အဆိုးရွားဆုံးကာကွယ်မှု % ကို ပိုင်ဆိုင်ထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့စွမ်းဆောင်ရည်ကြောင့် လာမယ့်နွေရာသီမှာ ဂိုးသမားသစ်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။