လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ တစ်လတာအကောင်းဆုံးနည်းပြဆုအများဆုံးရထားသူ ဂွါဒီယိုလာနဲ့ ပူးတွဲဦးဆောင်လာနိုင်တဲ့ မွိုက်စ်
ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆု(Premier League manager of the month)ကို ချီးမြှင့်ခဲ့ရာမှာ အဲဗာတန်အသင်းမှာ တစ်ကျော့ပြန်နည်းပြနေတဲ့ ဝါရင့်နည်းပြဒေးဗစ်မွိုက်စ်က ဆွတ်ခူးခဲ့ပါတယ်။
ဒေးဗစ်မွိုက်စ်ဟာ ၂၀၁၃ မတ်လမှာ အဲဗာတန်အသင်းကို ပထမအကြိမ်ကိုင်တွယ်စဉ် ဒီဆုကို (၁၀)ကြိမ်မြောက်အဖြစ် နောက်ဆုံးဆွတ်ခူးခဲ့ပြီး အခု(၁၂)နှစ်အကြာမှာ ဒီဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာပါ။

ထူးခြားတာကတော့ အဲဗာတန်အသင်းအပြင် မန်ယူနိုက်တက်၊ ဆန်းဒါးလန်း၊ ဝက်စ်ဟမ်းအစရှိတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒေးဗစ်မွိုက်စ်အနေနဲ့ သူဆွတ်ခူးခဲ့တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆု (၁၁)ခုလုံးကို အဲဗာတန်အသင်းတစ်သင်းတည်းမှာပဲ ရရှိခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို အကြိမ်အများဆုံးဆွတ်ခူးခဲ့သူက မန်ယူနိုက်တက်နည်းပြဟောင်းဖာဂူဆန်ဖြစ်ပြီး(၂၇)ကြိမ်ဆွတ်ခူးခဲ့တာပါ။
ဖာဂူဆန်နောက်မှာ အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါးက (၁၅)ကြိမ်ဆွတ်ခူးခဲ့ပြီး နောက်မှာ လက်ရှိမန်စီးတီးအသင်းနည်းပြဂွါဒီယိုလာနဲ့ ဒေးဗစ်မွိုက်စ်တို့က (၁၁)ကြိမ်စီ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ ဂွါဒီယိုလာနဲ့ ဒေးဗစ်မွိုက်စ်တို့က ဒီဆုကို အများဆုံးဆွတ်ခူးသူတွေအဖြစ် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
သူတို့နှစ်ဦးနောက်မှာတော့ အာဆင်နယ်အသင်းနည်းပြအာတီတာ(၇ ကြိမ်)နဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းနည်းပြနူနိုဆန်တို(၆ ကြိမ်)တို့ ရှိနေပါတယ်။
Discussion