လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ကို ကိုယ်စားပြုတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နေတာအတော်ကြာခဲ့ပါပြီ။ လာမယ့်ရာသီမှာတော့ ပါရီမြို့ခံအသင်း(၂)သင်း ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်တာကို ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီရာသီ ပြင်သစ်လိဂ်-၂ (Ligue 2)အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်​တည်နေတဲ့ Paris FC အသင်းဟာ လာမယ့်ရာသီ ပြင်သစ်လိဂ်-၁ (Ligue 1)ကို တန်းတက်ယှဉ်ပြိုင်ခွင့်ရခဲ့တာကြောင့်ပါ။

လွန်ခဲ့တဲ့(၄၆)နှစ်က ပြင်သစ်အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး အခုမှဒီအခွင့်အရေးပြန်ရတဲ့ Paris FC အသင်းဟာ အရင်က သူတို့အသုံးပြုခဲ့တဲ့အိမ်ကွင်း Stade Sebastien Charlety ကို စွန့်လွှတ်ခဲ့ပြီး လာမယ့်ရာသီမှာ ကွင်းသစ်အဖြစ် Stade Jean-Bouin ကွင်းကို အသုံးပြုမှာပါ။

ဒီကွင်းက လက်ရှိ PSG အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Parc des Princes ကွင်းနဲ့ ဘယ်လောက်အထိ ဝေးသလဲဆိုရင် လမ်းတစ်လမ်းပဲ ခြားပါတယ်။ လာမယ့်ရာသီ ပြင်သစ်လိဂ်မှာ ပါရီမြို့ခံပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်ရတော့မယ့် PSG အသင်းနဲ့ Paris FC အသင်းတို့ဟာ ကမ္ဘာပေါ်မှာ အနီးဆုံးမြို့ခံပြိုင်ဘက်အသင်းတွေဖြစ်လာဖွယ်ရှိနေပါတယ်။

မြန်မာလူချမ်းသာတွေအကြိုက် LV (Louis Vuitton)အသုံးအဆောင်တွေ ထုတ်လုပ်တဲ့ LVMH ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ CEO ဘာနက်အာနော့ ရှယ်ယာအများစုပိုင်ဆိုင်တဲ့ Paris FC အသင်းအနေနဲ့ ပါရီမြို့မှာသာမက ပြင်သစ်လိဂ်ပြိုင်ပွဲတစ်ခုလုံးမှာ ဘုရင်လို မင်းမူနေတဲ့ PSG အသင်းကို ပုခုံးချင်းယှဉ်နိုင်မလားဆိုတာတော့ ကြည့်ရမှာပါ။

Read more

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အဲဗာတန်အသင်းနည်းပြဒေးဗစ်မွိုက်စ်က ချယ်လ်ဆီးနဲ့မန်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ သူစိတ်ဝင်စာ

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

Ballon d’Or ဆုကို ဆွတ်ခူးခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးဆွတ်ခူးသူအဖြစ်စံချိန်တင်ထားတာက ၁၉၉၇ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးရော်နယ်ဒို(ဒိုကြ

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့  အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်