လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ လုပ်ပွဲအရှုပ်တော်ပုံမှာပါဝင်ခဲ့မှုကြောင့် ပွဲပယ်ခံခဲ့ရဖူးတဲ့ ကွင်းလယ်ဒိုင်လူကြီး ဖိလစ်ဇွာယာကို မန်ယူနိုက်တက်-စပါး ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ဖို့ ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲဟာ ဖိလစ်ဇွာယာအတွက် ပထမဆုံးကိုင်တွယ်မယ့် ဥရောပကလပ်ဗိုလ်လုပွဲဖြစ်လာမှာပါ။

အသက်(၄၃)နှစ်အရွယ်ရှိ ဖိလစ်ဇွာယာဟာ ပွဲတစ်ပွဲမှာ ပေါင်(၂၅၀)လာဘ်စားခဲ့တာကြောင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က သူ့ကို(၆)လပွဲကိုင်တွယ်ခွင့်ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ဖိလစ်ဇွာယာဟာ ပွဲကြီးပွဲကောင်းအချို့ကိုတာဝန်ယူကိုင်တွယ်ခွင့်ရရှိလာခဲ့တာပါ။ ဖိလစ်ဇွာယာဟာ ၂၀၂၃ UEFA Nations League ဗိုလ်လုပွဲ၊အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဖိလစ်ဇွာယာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က PSG အသင်းက အာဆင်နယ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကိုတာဝန်ယူခဲ့တာပါ။ ဖိလစ်ဇွာယာဟာ ဒီပွဲမှာ VAR စစ်ဆေးမှုပြုလုပ်ပြီးနောက် PSG အသင်းဘက်ကို အငြင်းပွားဖွယ်ပယ်နယ်တီပေးတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းမှာ ကစားချိန် ဖိလစ်ဇွာယာကို ဒိုင်လူကြီးအဖြစ်ခန့်အပ်မှုအတွက် ဝေဖန်ခဲ့လို့ ပေါင်(၃၄,၀၀၀)ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရတာပါ။

ဖိလစ်ဇွာယာဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်ပွဲအပါအဝင် ပြိုင်ပွဲစုံ(၃၇)ပွဲ ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူကိုင်တွယ်ထားတာဖြစ်ပါတယ်။

Read more

ဘယ်လင်ဂမ်နဲ့ ဘာပေတို့ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်မကစားဖို့ ရိုဒီရီဂိုဆုံးဖြတ်

ဘယ်လင်ဂမ်နဲ့ ဘာပေတို့ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်မကစားဖို့ ရိုဒီရီဂိုဆုံးဖြတ်

ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်နဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေတို့ ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်ပြီးမကစားဖိ

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူနိုင်ခဲ့တဲ့ ဟာရီကိန်းကို မိမိဂုဏ်ပြုခဲ့တယ်လို့ ဆွန်ဟောင်မင်ဖွင့်ဟ

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူနိုင်ခဲ့တဲ့ ဟာရီကိန်းကို မိမိဂုဏ်ပြုခဲ့တယ်လို့ ဆွန်ဟောင်မင်ဖွင့်ဟ

စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူကာ ဆုဖလားမရရှိသေးတဲ့ ကျိန်စာကိုအဆုံးသတ်နိုင်ခဲ့တဲ့ အသင်းဖော်ဟောင်းဟာရီကိန်

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်က ရလဒ်တွေဆိုးနေတဲ့အသင်းကို လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ပြ

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

မူလက စီစဉ်ထားသည်ထက်စောပြီး ၂၀၄၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက် တွင်ပိတ်သိမ်းရန် စီစဉ်ထားသည့် Bill & Melinda Gates Foundation သို့ လက်ရှိ ပိုင်ဆိုင်မှု ၏ ၉၉% ဖြစ်သော ဒေါ်လာ ၁၁၀ ဘီလီယံကျော်ကိ