လူးဝစ်အင်းနရစ်ရင်ထဲမှာ အစဉ်အမြဲရှင်သန်နေမယ့် သမီးငယ်လေးရှာနာ

လူးဝစ်အင်းနရစ်ရင်ထဲမှာ အစဉ်အမြဲရှင်သန်နေမယ့် သမီးငယ်လေးရှာနာ

"ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးချိန်မှာ ကျွန်တော့်သမီးလေးက ကျွန်တော့်ဆီကို ဘာစီလိုနာအသင်းအလံကိုင်ပြီး ပြေးလာတဲ့ဓာတ်ပုံကို ကျွန်တော် အမြဲအမှတ်ရနေပါတယ်။ အခု PSG အသင်းမှာလည်း ကျွန်တော်ဒီလို ထပ်ပြီးစွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သမီးလေးကတော့ ကျွန်တော့်အနားမှာ သက်ရှိထင်ရှား မရှိတော့ဘူးပေါ့။ ဒါပေမယ့် သူမရဲ့ဝိညာဉ်ကကျွန်တော့်အနားမှာ ရှိနေပါလိမ့်မယ်။ ဒါကကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်"

ဒီစကားကို ပြောခဲ့သူက PSG အသင်းကို အသင်းသမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဂ်ချန်ပီယံဆုရယူပေးခဲ့တဲ့ စပိန်လူမျိုးနည်းပြလူးဝစ်အင်းနရစ်ဖြစ်ပါတယ်။ ၂၀၂၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အင်တာမီလန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမတိုင်မီတစ်ရက်က မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ လူးဝစ်အင်းနရစ်က သူ့ရဲ့ကွယ်လွန်သူသမီးလေးကို တမ်းတမ်းတတပြောခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို (၅-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် ကွင်းအတွင်းအောင်ပွဲခံနေတဲ့အင်းနရစ်ဟာ ကွင်းဘေးစည်း ပွဲကြည့်စင်နားကိုသွားပြီး သူ့ရဲ့မိသားစုဝင်တစ်ဦးဆီက အမည်းရောင်ပလတ်စတစ်အထုတ်တစ်ထုတ်ကို သွားယူခဲ့ပါတယ်။

ဒါက အနက်ရောင်အင်္ကျီတစ်ထည်ဖြစ်ပြီး ဘာမှမထူးခြားဘူးလို့ထင်ရပေမယ့် သေသေချာချာကြည့်မယ်ဆိုရင် အင်္ကျီရင်ဘတ်မှာ အဖြူရောင်လိုင်းတွေနဲ့ ကောက်ကြောင်းရေးဆွဲထားတဲ့ ကာတွန်းသဏ္ဍန်ရုပ်ပုံကို မြင်တွေ့ရမှာပါ။

ဒီပုံထဲမှာ PSG အသင်းအလံကိုင်ထားတဲ့ ကာတွန်းရုပ်လေးကိုမြင်တွေ့ရမှာဖြစ်ပြီး ဒါက အထက်မှာဆိုခဲ့သလို လူးဝစ်အင်းနရစ်ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ သမီးငယ်လေးရှာနာကို ကိုယ်စားပြုပါတယ်။ အသက်(၅၅)နှစ်အရွယ် လူးဝစ်အင်းနရစ်မှာ ပါချို(၂၇ နှစ်)၊ ဆီရာ(၂၅ နှစ်)၊ ရှာနာ(ကွယ်လွန်)လို့ အမည်ရတဲ့ သားသမီး(၃)ဦးရှိပြီး ၂၀၀၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ရှာနာဟာ အရိုးကင်ဆာရောဂါနဲ့ အသက်(၉)နှစ်ကျော်အရွယ် ၂၀၁၉ ဩဂုတ်လအတွင်းက ကွယ်လွန်ခဲ့တာပါ။

အဲဒီတုန်းက လူးဝစ်အင်းနရစ်ဟာ စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူနေချိန်ဖြစ်ပြီး ရှာနာမကွယ်လွန်မီက သမီးဖြစ်သူကို ပြုစုဖို့ လက်ရွေးစင်အသင်းကတောင် (၄)လကြာ ခေတ္တအနားယူခဲ့တာပါ။ အငယ်ဆုံးဖြစ်တာကြောင့် လူးဝစ်အင်းနရစ် အချစ်ဆုံးဖြစ်ခဲ့တဲ့ရှာနာဟာ သက်ဆိုးမရှည်ခဲ့ဘဲ အရွယ်မတိုင်မီ လူ့လောကက ထွက်ခွာသွားခဲ့ပြီး ထိုစဉ်က ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအပါအဝင် ကလပ်အသင်းအတော်များများက သူ့ရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုအတွက် စာနာဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အခုတော့ လူးဝစ်အင်းနရစ်ဆိုခဲ့သလို ရှာနာရဲ့ဝိညာဉ်က သူ့အနားမှာရှိနေပြီး ကူညီအားပေးနေသလားလို့ ထင်ရလောက်အောင် PSG အသင်းက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်သမိုင်းမှာ မရှိဖူးတဲ့ ဗိုလ်လုပွဲစံချိန်တင်ဂိုးပြတ်နိုင်ပွဲကို ရယူခဲ့တာပါ။ ချန်ပီယံလိဂ်သမိုင်းမှာ ၁၉၆၀ ခုနှစ်က ရီးရဲလ်မက်ဒရစ်(၇-၃)ဖရန့်ဖတ်ပွဲ၊ ၁၉၇၄ ခုနှစ်က ဘိုင်ယန်မြူးနစ်(၄-၀)အက်သလက်တီကိုပွဲ၊ ၁၉၈၉ ခုနှစ်က အေစီမီလန်(၄-၀)စတူအာဘူခါရက်စ်ပွဲနဲ့ ၁၉၉၄ ခုနှစ်က အေစီမီလန်(၄-၀)ဘာစီလိုနာပွဲတွေက စံချိန်တင်ဂိုးအပြတ်ဆုံးဗိုလ်လုပွဲတွေအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး အခု PSG (၅-၀)အင်တာမီလန်ပွဲက စံချိန်မှတ်တမ်းသစ်တစ်ခုဖြစ်ခဲ့တာပါ။

ဒါ့အပြင် လူးဝစ်အင်းနရစ်အနေနဲ့ တစ်ရာသီအတွင်း ပြည်တွင်းအဓိကဖလားပြိုင်ပွဲ(၂)ခု (အမှတ်ပေးပြိုင်ပွဲ၊ ရှုံးထွက်ဖလားပြိုင်ပွဲ)နဲ့ချန်ပီယံလိဂ်ချန်ပီယံဆုတွေကို အသင်း(၂)သင်းနဲ့ (၂)ကြိမ်တိုင်ရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ်လည်း (မန်စီးတီးနည်းပြဂွါဒီယိုလာအပြီး) မှတ်တမ်းဝင်ခဲ့ပါတယ်။ လူးဝစ်အင်းနရစ်ဟာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနဲ့စပိန်ဘုရင့်ဖလားတွေရယူပေးခဲ့ပြီး ဒီရာသီမှာ PSG အသင်းကို ပြင်သစ်အမှတ်ပေးဖလား၊ ပြင်သစ်ရှုံးထွက်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေရယူပေးနိုင်ခဲ့တာပါ။

အခုအချိန်မှာ လွန်ခဲ့တဲ့(၁၀)နှစ်ကလို အောင်မြင်မှုမျိုးကို ထပ်တူထပ်မျှပြန်လည်ရယူနိုင်ခဲ့ပေမယ့် လူးဝစ်အင်းနရစ်အတွက် အရင်နဲ့မတူတာကတော့ ကွင်းထဲမှာ သူ့ဆီ အလံကိုင်ပြေးလာမယ့် သမီးငယ်လေးရှာနာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခွင့်မရှိတော့တာပါ။

ဒါပေမယ့် ဖခင်တစ်ဦးရဲ့ချစ်ခြင်းမေတ္တာနဲ့အတူ ရှာနာက လူးဝစ်အင်းနရစ်ရဲ့ရင်ထဲမှာ အစဉ်အမြဲရှင်သန်နေမှာကတော့ မလွဲဧကန်ပါပဲ ... ။

Read more

Internet speed ကို 1 Million GB/s အထိဖန်တီးပြခဲ့တဲ့ Japan

Internet speed ကို 1 Million GB/s အထိဖန်တီးပြခဲ့တဲ့ Japan

ဂျပန်နိုင်ငံက အင်တာနက်မြန်နှုန်းအတွက် သမိုင်းတင်မည့်မှတ်တိုင်သစ်ခုကို ရရှိခဲ့ပြီး 1.02 Pb/s(1020000GB/s) အထိမြန်နှုန်းရှိပါတယ်။ ဒါကို ၁၈၀၈ ကီလိုမီတာအကွ

အတွင်းစိတ်ကို ပတ်ဝန်းကျင်အခြေအနေက ဘယ်လို လွှမ်းမိုးသလဲ?

အတွင်းစိတ်ကို ပတ်ဝန်းကျင်အခြေအနေက ဘယ်လို လွှမ်းမိုးသလဲ?

အတွင်းစိတ်မှာ ဖြစ်နေတဲ့ ခံစားချက်တွေဟာ စိတ်ထဲမှာဖြစ်နေတဲ့ အ‌တွေးတွေ၊ ဟော်မုန်းတွေ နဲ့ လတ်တလောဖြစ်နေတဲ့ အဖြစ်အပျက်တွေကြောင့်လို့ ထင်တတ်ကြပါတယ်

ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်

ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်

ဘယ်သူပြောတာလဲဆိုတော့ ChatGPT မွေးဖွားတဲ့ OpenAI ကပါ။ အဲ့ဒီအတွက်လည်း OpenAI ကနေ နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေမှာ Super Assistant အနေနဲ့ သုံးနိုင်ဖို့ ChatGPT ကို upgrade လုပ်သွားမယ့် အစီအစဉ်ရှိနေပါပြ

iPhone 17 ပြောင်းလဲမှုမရှိပါ..

iPhone 17 ပြောင်းလဲမှုမရှိပါ..

iPhone 17 Air တစ်ခုတည်းကိုပဲ အားစိုက်သွားမယ့် အလားအလာရှိနေတဲ့ Apple ကတော့ iPhone Base Model ဖြစ်တဲ့ iPhone 17 ကိုတော့ ထူးထူးခြားခြားပြောင်းလဲမှုတွေလုပ်လာမယ့်ပုံမပေါ်တော့ပါဘူး။ (ဒီဇိ