နေခြည်ဦး၊ ဝင်းမင်းသန်း၊ Jay Baas၊ မင်းသွေးခန့်တို့နှင့်အတူ စိတ်လှုပ်ရှားဖွယ် အစီအစဉ်များဖြင့် Lux Botanicals ရေချိုးဆပ်ပြာရည် အမျိုးစားသစ်များအား အွန်လိုင်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မိတ်ဆက်ခဲ့

မြန်မာနိုင်ငံ၏ ထိပ်တန်း beauty blogger/သရုပ်ဆောင် တစ်ဦးဖြစ်သည့် နေခြည်ဦး၊ ဝင်းမင်းသန်းနှင့် ပြည်သူချစ်အနုပညာရှင် Jay Baas နှင့် မင်းသွေးခန့်တို့မှ online video call အသွင်ဖြင့် မိတ်ဆက်ပေးခဲ့သည်။ Lux Botanicals အဆင့်မြင့် ရေချိုးဆပ်ပြာရည်အား ခေတ်မှီမြန်မာ အမျိုးသမီးများအတွက် တမူထူးခြားသော သဘာဝပန်းတို့၏ မွှေးရနံ့များ ကော်လာဂျင်နှင့် Rosehip ကဲ့သို့အဖိုးတန်အဆီအနှစ်များ နှင့် ငယ်ရွယ်နုပျိုပြီး စိုပြေလှပသော အသားအရေရရှိစေရန် Paraben နှင့် ဆိုးဆေးများ သုံးစွဲထားခြင်းမရှိပဲ ၁၀၀ ရာခိုင်နှုန်း သဘာဝပစ္စည်းများ ဖြင့်သာ ထုတ်လုပ်ထားသည်။

LUX ရေချိုးဆပ်ပြာရည်များမှာ ထူးကဲသင်းပျံ့သော မွှေးရနံ့၊ ပန်းအဆီအနှစ်များနှင့် ပေါင်းစပ်ထုတ်လုပ်ထားပြီး နူးညံ့လှပစိုပြေသော အသားအရေကို ပေးစွမ်းခြင်းကြောင့် မြန်မာနိုင်ငံဈေးကွက်တွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ယခုမိတ်ဆက်လိုက်သော Lux Botanicals ရေချိုးဆပ်ပြာရည်များကိုလည်း ရှားပါးနွယ်ဝင်ပန်းများ နှင့် ပန်းပေါင်းစုံတို့၏အဆီအနှစ်များ ပေါင်းစပ်ကာ ဒီဇိုင်းအသွင် ပိုမိုဆန်းသစ်စွာနှင့် ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး Lux Botanicals Youthful Skin နှင့် Lux Botanicals Skin Rebalance စသဖြင့် အမျိုးအစားနှစ်မျိုးနှင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ပထမဦးစွာ မိတ်ဆက်ခဲ့သည့် Lux Botanicals Youthful Skin သည် သလဲသီး၏ ရနံ့နှင့် အသားအရေအတွက် တန်ဖိုးအထားရဆုံး ကော်လာဂျင်တို့ဖြင့် ဖော်စပ်ထားသည့်အတွက် အသားအရေအား တင်းတင်းရင်းရင်းဖြစ်စေပြီး ငယ်ရွယ်နုပျို အရွယ်တင်စေသည်။ နောက်ထပ် မိတ်ဆက်ခဲ့သည့် Lux Botanicals Skin Rebalance သည် ဆွဲဆောင်မှုအားကောင်းသော ကြက်တူရွေးပန်း၏ ရနံ့နှင့် Rosehip အဆီအနှစ်တို့အား ဖော်စပ်ပြုလုပ်ထားခြင်းကြောင့် အသားအရေ၏ အစိုဓာတ်အား ပြန်လည်ထိန်းသိမ်းပေးပြီး အသားအရေအား စိုပြေလှပစေသည်။

Unilever Myanmar ၏ Senior Brand Manager ဖြစ်သူ မ Jassie ခင်နှင်းဖြူမှလည်း Lux Botanicals ရေချိုးဆပ်ပြာရည် အမျိုးအစားအသစ်များအား စိတ်လှုပ်ရှားဖွယ်ကောင်းစွာ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်မိတ်ဆက်ရခြင်းအကြောင်းအား ယခုလိုရှင်းပြခဲ့သည်။ “LUX က နိုင်ငံတကာဈေးကွက်မှာ ထိပ်တန်းရေမွှေးဆပ်ပြာအဖြစ် အသိအမှတ်ပြုခြင်းခံရတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး မနှစ်ကမှ ကျွန်မတို့ရဲ့ premium ရေချိုးဆပ်ပြာရည်အဖြစ် LUX Botanicals ကို မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးပြီး သူတို့ဘဝမှာ အကောင်းဆုံးသောအရာတွေကို ပိုင်ဆိုင်နိုင်ဖို့ရာ အင်အားဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ Lux Botanicals အမျိုးအစားများကို ကျွန်မတို့ မနှစ်ကမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်နေတဲ့ ကာလအတွင်း ဖြစ်နေပေမယ့်လဲ LUX Myanmar ကနေ အမျိုးသမီးများအတွက် အကောင်းဆုံးတစ်ကိုယ်ရေသန့်ရှင်းမှု အတွေ့အကြုံကို ပေးစွမ်းချင်ရုံသာမက သုံးစွဲသူများရဲ့ တစ်ကိုယ်ရေထိန်းသိမ်းမှု အလေ့အကျင့်တွေကို မြှင့်တင်ပေးပြီး အသားအရေကို ငယ်ရွယ်နုပျိုစေရုံသာမက အသားအရေရဲ့ အစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အကောင်းဆုံး သဘာဝပစ္စည်းတွေနဲ့သာ ဖော်စပ်ထုတ်လုပ်ထားတဲ့ Lux Botanicals အမျိုးအစားအသစ်တွေကို စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ပြုလုပ်ထားတဲ့ LUX Botanicals ရေချိုးဆပ်ပြာ အမျိုးအစားသစ်တွေကို အသုံးပြုခြင်းကနေတဆင့် မြန်မာအမျိုးသမီးများကို LUX ကနေ သူမတို့နဲ့ထိုက်တန်တဲ့ အသားအရေရရှိနိုင်အောင် ဂရုစိုက်ပေးခြင်းဖြင့် ဘဝမှာအကောင်းဆုံးဆိုတဲ့ အရာများကို ရယူလိုက်ဖို့ အသားအရေကို Lux Myanmar ကနေ ဆက်လက်ပြီး တိုက်တွန်းချင်ပါတယ်။” ဟု ဂျက်စီခင်နှင်းဖြူမှ ပြောကြားခဲ့သည်။

အွန်လိုင်းမိတ်ဆက်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားထားသည့်အတိုင်း stay at home ကို လိုက်နာသည့်အနေနှင့် အနုပညာရှင်များ၏ နေအိမ်များတွင်သာ သီးခြားနေပြီး အွန်လိုင်းဗွီဒီယို ဖုန်းခေါ်ဆိုမှုဖြင့် ထူးခြားစွာ မိတ်ဆက်ကျင်းပခဲ့သည်။ LUX Botanicals အမျိုးအစားအသစ်များ၏ အွန်လိုင်းမိတ်ဆက်ပွဲကို ထိပ်တန်းအနုပညာရှင် ၂ ဦးဖြစ်သူ နေခြည်ဦး၊ ဝင်းမင်းသန်းတို့နှင့်အတူ အခမ်းအနားမှူး ထရီဇာခိုင်တို့မှ COVID-19 ကာလနောက်ပိုင်း အလှအပရေးရာကဏ္ဍပြောင်းလဲမှု၊ ကပ်ရောဂါကြီးကြောင့် လူနေမှုစတိုင်နှင့် အလှအပထိန်းသိမ်းမှုဆိုင်ရာ အလေ့အကျင့်များအပေါ် အစရှိသဖြင့် မည်ကဲ့သို့သက်ရောက်မှုရှိကြောင်း ပျော်ရွှင်စရာကောင်းသော စကားဝိုင်းလေးနှင့် စတင်ခဲ့သည်။ ထို့နောက် နေခြည်ဦးနှင့် ဝင်းမင်းသန်းတို့မှ ပရိသတ်များအား Surprise ဖုန်းခေါ်ဆိုမှုများပြုလုပ်၍ ကံကောင်းသော ထိုပရိသတ်များနှင့် အသားအရေကို ဘယ်လိုထိန်းသိမ်းဖြစ်ပုံနှင့် အသစ်ထွက်ရှိထားသော ရေချိုးဆပ်ပြာရည်များအကြောင်း အသေးစိပ် မျှဝေခဲ့ပြီး ပရိတ်သတ်များအတွက် လက်ဆောင်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့နောက် ပြည်သူချစ် သရုပ်ဆောင် Jay Baas နှင့် မင်းသွေးခန့်မှ အထူးဧည့်သည်အဖြစ် ရောက်ရှိလာပြီး နေခြည်ဦး ဝင်းမင်းသန်းတို့နှင့်အတူ Vogue Challenge ဂိမ်းနှင့် Charades ဂိမ်းများဆော့ကစား၍ ပွဲ၏အရှိန်ကို မြင့်တက်စေခဲ့သည်။ Vogue Challenge တွင် မင်းသွေးခန့်နှင့်အတူ အားလုံးပို့စ်တူတူပေးရမည်ဖြစ်ပြီး Charades တွင် မင်းသွေးခန့်သရုပ်ပြသည်များကို ကျန် ၃ ယောက်မှ ခန့်မှန်းရမည်ဖြစ်သည်။ ထို့နောက်တွင် တင်ဆက်သူကြယ်ပွင့်များမှ အွန်လိုင်းမိတ်ဆက်ပွဲကို ကြည့်ရှုနေကြသော ပရိသတ်များအား ဆုမွန်ကောင်းတောင်းပေးရင်း LUX Botanicals ၏ အမျိုးအစားသစ်များကို အသုံးပြု၍ ဘဝတွင် အကောင်းဆုံးအရာများကို ယုံကြည်ချက်ရှိရှိဖြင့် ရဲရင့်စွာ ဖမ်းဆုပ်နိုင်ကြစေရန် အားပေးခြင်းဖြင့် virtual အွန်လိုင်းမိတ်ဆက်ပွဲကို နိဂုံးချုပ်ခဲ့သည်။

LUX Botanicals ခေါင်းစဉ်အောက်တွင် ယခုလက်ရှိ စုစုပေါင်းအမျိုးအစားလေးမျိုးရှိပြီဖြစ်သည်။ ယင်းတို့မှာ Skin Detox၊ Glowing Skin၊ Youthful Skin နှင့် Skin Rebalance တို့ဖြစ်ကြသည်။ LUX Botanicals အမျိုးအစားများသည် ၄၅၀ မီလီဘူးကြီးများဖြင့် လာပြီး အွန်လိုင်းတွင်သာမက မြန်မာနိုင်ငံရှိ နီးစပ်ရာ Supermarkets, စတိုးဆိုင်များ၊ စျေးများတွင်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပါတယ်။