မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang က အမေရိကန်အစိုးရအဖွဲ့အစည်းသည်တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာchip များပို့ခြင်းကို တားမြစ်တဲ့စည်းမျဉ်းများအား“မအောင်မြင်သောမူဝါဒ” ဟုဝေဖန်ခဲ့သည်။

Huang က Taipei မြို့ရှိ Computex နည်းပညာပြပွဲရှိသတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ဤမူဝါဒများသည် မအောင်မြင်ကြောင်း” ပြောကြားခဲ့သည်။

Huang ၏ ထောက်ပြချက်များသည် ယင်းမူဝါဒများအပေါ် သတင်းစကားအသစ်များထွက်ရှိလာချိန်တွင်ဖြစ်ပြီး ဒေါ်နယ်ထရမ့် အစိုးရကစတင်ပြဋ္ဌာန်းခဲ့ကာ နောက်တွင် Joe Biden အစိုးရက ပိုမိုပြင်းထန်စွာချမှတ်ခဲ့သည်။မကြာသေးခင်ကာလ Trump အစိုးရက တရုတ်သို့ပို့ခြင်းအားလုံးကို မပိတ်တော့ဘဲ အခြားနိုင်ငံများထံ ပို့ခြင်းကိုကန့်သတ်ရန်ဆုံးဖြတ်ခဲ့ကြောင်းလည်းကြားသိရသည်။

Jensen Huang ပြောသည်မှာ Biden အစိုးရလက်ထက်တွင် Nvidia ၏ တရုတ်ဈေးကွက်တွင် ၉၅% မှ ၅၀% အထိကျဆင်းခဲ့ပြီး၊ ထိုကန့်သတ်ချက်များကြောင့် တရုတ်ကုမ္ပဏီများသည် ပြည်တွင်းအစားထိုးနည်းပညာများဖန်တီးရန် အာရုံစိုက်လာကြောင်း၊ထို့ကြောင့် တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်လာမှုမှာ သိသာထင်ရှားလာကြောင်းနှင့်ယခုအရှိန်အတိုင်းသွားနေရင်တရုတ်​၏ လွှမ်းမိုးမှုမှာစိတ်ပူစရာဖြစ်လာနိုင်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်​၏ “AI နည်းပညာဖြန့်ဝေပေးမှုနှင့်ပတ်သက်သည့်စည်းမျဉ်းသတ်မှတ်မှု ယူဆချက်များသည် လုံးဝမှားနေကြောင်းသက်သေပြပြီးပြီ” ဟုထပ်မံပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ထိုမူဝါဒများကို စတင်ချမှတ်ရသည့်အကြောင်းရင်းမှာစစ်ရေးတွင်အသုံးပြုနိုင်သော နည်းပညာများကိုတရုတ်အစိုးရနှင့်ဆက်စပ်နေသော ကုမ္ပဏီများရရှိမည်ကိုစိုးရိမ်ခဲ့ခြင်းကြောင့်ဟု မှတ်ချက်များလည်းရှိခဲ့သည်။

Read more

သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ လက္ခဏာ (၆) ရပ်

သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ လက္ခဏာ (၆) ရပ်

သမီးရည်းစား ဆက်ဆံရေးအကြောင်းတွေကို စာတစ်တန် ပေတစ်တန်နဲ့ အပြောများကြပေမယ့် လူတွေ မေ့နေတတ်ကြတာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အရေးပါမှုပါ။ အမြဲတမ်း တာဝန်တစ်ခုလိ

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

ScotRail ရထားလိုင်းသည်ရထားပေါ်တွင် ခရီးသည်များ wi-fi အသုံးပြုနိုင်ရန်အတွက် Elon Musk ၏ ဂြိုလ်တုနည်းပညာကို အသုံးပြုမည်ဖြစ်သည်။စကော့တလန်မြောက်ပိုင်းရှိ ရထားခြောက်စင်းကို ကမ္ဘာမြေပြ

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

UEFA Nations League Semi-Final စပိန် (၅-၄) ပြင်သစ် ဒီနောက်ပိုင်း ဥရောပမှာ ပြိုင်ဆိုင်မှုကြီးမားလာကြတဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲက တစ်ပွဲလုံးအပြ