မာဆေးဆိုက်ဒါဘီမှာ အနိုင်ယူပြီး လက်ကျန်(၈)ပွဲအလိုမှာ (၁၂)မှတ်ဖြတ်ထားတဲ့လီဗာပူးလ်

ဒီတစ်ပတ်ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)မှာ အမှတ်ပေးဇယားထိပ်ဆုံးက (၃)သင်းစလုံးအနိုင်ရခဲ့ပြီး မနေ့က ပွဲတွေမှာ လီဗာပူးလ်အသင်းက မြို့ခံပြိုင်ဘက်အဲဗာတန်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ရမှတ်ပြည့်ရယူခဲ့ပါတယ်။

လက်ကျန်ပွဲ(၈)ပွဲသာကစားဖို့ ကျန်တော့တဲ့အနေအထားမှာ လီဗာပူးလ်အသင်းက ဒုတိယနေရာက အာဆင်နယ်အသင်းကို (၁၂)မှတ်အထိဖြတ်ထားအပြင် ဂိုးကွာခြားချက်မှာလည်း အသာရနေလို့ (၄)ပွဲအထိအရှုံးခံနိုင်တဲ့အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ကိုလံဘီယာတောင်ပံတိုက်စစ်ကစားသမားဒီယက်ဇ်က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန်(၅၇)မိနစ်မှာ ဂျိုတာဂိုးသွင်းနိုင်အောင်လည်း နောက်ပေါက်နဲ့ ဖန်တီးပေးခဲ့ပါတယ်။

ဒီပွဲမှာ အိမ်ရှင်လီဗာပူးလ်အသင်းက ခြေစွမ်းအသာ၊ ဂိုးကန်သွင်းခွင့်အသာရတယ်ဆိုပေမယ့် အဲဗာတန်နောက်တန်းရဲ့ပိတ်ဆို့ကစားမှုကြောင့် ဂိုးသွင်းခွင့်များများစားစားမရဘဲ အပိုင်(၃)ကြိမ်လောက်သာ အခွင့်အရေးရသလို တစ်ဂိုးသာရခဲ့တာပါ။

ချန်ပီယံမန်စီးတီးအသင်းက ဂရီးလစ်ရှ်၊ မာမွတ်ရှ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ တန်းဆင်းဇုန်ထဲက လက်စတာအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့်(၄)နေရာကို တက်လာခဲ့သလို နယူးကာဆယ်ကလည်း အစ်ဆက်၊ တိုနယ်လီတို့ရဲ့ဂိုးတွေနဲ့အတူ ဘရန့်ဖို့ဒ်ကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး အဆင့်(၅)နေရာကို တက်လာခဲ့ပါတယ်။

ဒီနေ့ကစားမယ့် ချယ်လ်ဆီး-စပါးပွဲမှာ ချယ်လ်ဆီးအသင်းအနိုင်ရခဲ့ရင် ဒီနှစ်သင်း အောက်တစ်ဆင့်စီ ပြန်ဆင်းပေးရမှာဖြစ်ပါတယ်။

အခြားပွဲရလဒ်များ

ဘုန်းမောက်(၁-၂)အစ်ဝစ်ချ်
ဘရိုက်တန်(၀-၃)ဗီလာ
ဆောက်သမ်တန်(၁-၁)ခရစ္စတယ်ပဲလေ့စ်