မာလာရှမ်းကောစားရတာရိုးနေပြီလား?? ဒါဆို မာလာထန်လေးပြောင်းစားကြည့်ဖို့အကြံပေးပါရစေ

မာလာရှမ်းကောစားရတာရိုးနေပြီလား?? ဒါဆို မာလာထန်လေးပြောင်းစားကြည့်ဖို့အကြံပေးပါရစေ

စျေးလည်းသက်သာပြီး အရသာကောင်းတဲ့ မာလာထန်ဆိုင်လေး မင်မင်တွေ့ထားတယ်။ဆိုင်လေးကကျောက်မြောင်း၊အသောကလမ်းပေါ်က“ Lu’s Spicy “ဆိုတဲ့ဆိုင်လေးပါ။


ဆိုင်မှာ Setနဲ့လဲရတယ်(ကြက်/ဝက်)-13500
မင်မင်တော့ကြိုက်တာလေးတွေစားချင်လို့ကိုယ်တိုင်ရွေးထည့်ခဲ့တယ်။
အသားဆို 100g-2500
ပင်လယ်စာ 100g-3000
ရေစိမ် 100g-1300
အရွက် 100-800


မင်မင်ထည့်တာဆို ကြက်မဲ၊ကြက်ခြေထောက်အရိုး၊လွတ်၊ သုံးထပ်သား၊ ကြက်သား၊ ဝက်မှိုလုံး၊ Cheese sausage ၊ မှို၊အသီးအရွက် တော်တော်များများပါတယ် ၊ခုမှတ်မိသလောက်လေးရေးထားတာပါ ၊အများကြီးရွေးခဲ့တာမှ 11000ပဲကျလို့တကယ်တန်တယ်အရသာက ပူပူထုံထုံစပ်စပ် ကိုမှအရိုးပြုတ်ရည်ရဲ့အချိုဓာတ်လေးကိုလဲခံစားမိတယ်။

အဆီတွေအရမ်းလည်းမများဘူး။ မာလာအနှစ်ကလည်း ဆိုင်ကကိုယ်တိုင်လုပ်တဲ့အနှစ်လေး။အစပ် Level 1 2 3 4ဆိုပြီးရွေးလို့ရတယ် ။သိပ်မစပ်မှာဆိုးလို့ 3ရွေးလိုက်တယ် အစပ်ပုံမှန်စားတဲ့သူဆို 2လောက်ဆိုအတော်လောက်ဘဲ။


သူ့ဆီမှာ ထူးခြားတဲ့ Signature menuလည်းရှိတယ်။ လုစီချွမ်းမာလာပါ သူကအားလုံးကိုမာလာအနှစ်လေးနဲ့ရောနယ်ပြီး ဗန်းလေးနဲ့စားရတာပါ၊နောက်တစ်ခါအဲ့တာလေး သွားစားကြည့်မယ်။
ဆ်ိုင်လေးကိုလည်း အုတ်ပုံစံလေးအသုံးပြုထားပြီးတော့ neon light လေးရယ်နဲ့ လှပါ့
စျေးတန်တန်၊ အရသာကောင်းကောင်းလေးစားချင်ရင် ဒီဆိုင်လေးကို recommend ပေးပါတယ်။

http://www.facebook.com/LuSpicy.Myanmar/

Lu’s Spicy · အမှတ် (၁၆), အသောကလမ်း, ကျောက်မြောင်း, Yangon, Myanmar (Birma)
★★★★☆ · Chinees restaurant

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ