Admin ကိုယ်တိုင်လည်း Content ရေးဖို့နဲ့ တစ်ခြား Lecture လိုက်ဖို့၊ Diary ရေးဖို့အတွက် Writing App တွေရှာဖြစ်ရင်း ရှာတွေ့ထားတဲ့ သုံးလို့ကောင်းမယ့် App တွေကို မျှဝေပေးပါတယ်။ တစ်ခုတော့ သိထားရမှာက Software တွေအများစုက အခမဲ့မမဟုတ်ပါဘူး။

၁. Notes

Mac ထဲမှာပါတဲ့ Original Notes ပဲဖြစ်ပါတယ်။ အသုံးပြုရလည်းလွယ်၊ အခမဲ့လည်းရ၊ Apple ကိုယ်တိုင်က ထုတ်ပေးထားလို့ Optimization ကလည်းရှယ်ပါပဲ။ တစ်ခုပဲ ကိုယ်ကြိုက်သလို၊ Optimizationမဖြစ်တာပါ။ ဒါပေမယ့် System Software အဖြစ်ပါဝင်ပြီးသားမလို့ ဘာမှမလိုပဲ လက်တင်သုံးရုံပါပဲ။

၂. Calmly Writer

ဒီတစ်ခုကတော့ နာမည်လိုက်အောင် ရှင်းရှင်းလင်းလင်းနဲ့ သူ့ရဲ့ UI ကိုကြည့်တာနဲ့တင် Calm & Chill ဖြစ်ပါတယ်။ Theme တွေကလည်း ငြိမ့်ငြိမ့်လေးဖြစ်သလို Markdown Feature လို့ခေါ်တဲ့ ကြိုက်သလို စာလုံးတွေပြင်လို့ရတာလည်း လုံးဝအကြိုက်ဆုံး Feature တစ်ခုပါ။ Cloud နဲ့ Laptop ကြိုက်တဲ့ Storage နဲ့ Auto Save လည်းရတာကြောင့် အလုပ်တွေပျောက်သွားမှာ မပူရပါဘူး။

၃. Paper

Minimalist ဖြစ်တယ်။ Typing Experience လည်းကောင်းတယ်။ txt, pdf, docx,HTML တစ်ခြား Format တွေကိုပါ Export ထုတ်လို့ရတာ ပိုပြီးသဘောကျဖြစ်သွားတယ်။ iDevice တွေပဲ ကိုင်တဲ့ Eco System ထဲကလူဆိုရင် သေချာပေါက်သဘောကျမယ့် Software တစ်ခုပါ။

၄. iA Writer

Original Notes ကိုမှပိုကောင်းအောင်၊ Features တွေထည့်ပေးထားတဲ့ သဘောပါပဲ။ ပိုစုံမယ်။ ပိုမြန်မယ်။ ပိုကောင်းမယ်။ Grammer တွေကူစစ်ပေးတာမျိုး၊ Live Preview ရတာမျိုးတွေကြောင့် စာရေးချင်သူတွေရော၊ Content Writer တွေရောပါ အသုံးဝင်မယ့် App တစ်ခုဖြစ်ပါလိမ့်မယ်။

၅. Simpletext

Minimalist အဖြစ်ဆုံးနဲ့ ဈေးလည်းအချိုဆုံးလို့ပြောရမယ်။ $10 လောက်ပဲရှိပြီး လုံးဝရှင်းရှင်းလင်းလင်းလည်းဖြစ်တယ်။ ပိုကောင်းတာက ကိုယ်ပိုင် Font လှလှလေးတွေပါတတ်တယ်။ နောက်ပြီးတော့ မိန်းကလေးအတွေအကြိုက် Journaling နဲ့ Diary ရေးဖို့အတွက် အဓိကထုတ်ထားသလားပဲမေးရအောင် အဲ့၂ခုဖက်အတွက် အရမ်းကိုက်ညီတယ်ခံစားရလို့ Journaling လုပ်ရတာနဲ့ Diary ရေးရတာကြိုက်ရင် စမ်းသုံးကြည့်ပါ။