MediaTek Dimensity 9400+ ထွက်ရှိလာမဲ့ရက်ကိုကြောငြာလိုက်ပါပြီ။ဇန်နဝါရီလတွင် Tipster Digital Chat Station မှ MediaTek Dimensity 9400+ SoC သည် မတ်လတွင် တရားဝင်ထွက်ရှိမည်ဟုပြောဆိုခဲ့ပြီးဧပြီလ 11 ရက်နေ့တွင် Chipset ကို မိတ်ဆက်ပွဲအခမ်းအနားနှင့်ပြုလုပ်မည်ဖြစ်ကြောင်းကြေငြာထားသည်။
DCS သည် Dimensity 9400+ ကိုစတင်ရောင်းချမည့်ရက်စွဲကို ကြေငြာခဲ့ပြီး ၎င်းchipset ကိုဘယ် deviceအတွက်စတင်ရောင်းချမည်နှင့်ရက်စွဲကို မသတ်မှတ်ရသေးကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ယခင်ကောလဟာလများအရ iQOO Neo11 Pro သည် Dimensity 9400+ SoC ပါသည့် ပထမဆုံးစမတ်ဖုန်း ဖြစ်လာမည်ဟုသိရသည်။
MediaTek ကတော့ Dimensity 9400+ အကြောင်းကို ယနေ့အထိအသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း၊ သတင်းများအရ ဒီ chip ရဲ့ Cortex-X925 core ဟာ 3.7 GHz ထိ ရှိလာမယ်လို့ ဆိုထားပြီး၊ အရင် Dimensity 9400 SoC ဖြစ်တဲ့ 3.62 GHzထက် ပိုမြင့်မားမှာဖြစ်ပါတယ်။
MediaTek ဟာဆိုရင် Snapdragon လောက်လူစိတ်ဝင်စားမှုမများပေမဲ့ Dimensity 9400+ဟာ snapdragon ကိုစိန်ခေါ်နိုင်တဲ့အနီးဆုံးပြိုင်ဘက်ဖြစ်တယ်လို့လဲသုံးသပ်နေကြပါသည်။
Akhayar Tech ပရိတ်သတ်ကြီးရော MediaTek Dimenistry သုံးရတာအဆင်ပြေလား ၊snapdragon မှ snapdragon ပဲလား။
Discussion