Mediatek Dimensity 9400e ပထမဆုံးသုံးမယ့် အကြမ်းဆုံးဖုန်း

Mediatek Dimensity 9400e ပထမဆုံးသုံးမယ့် အကြမ်းဆုံးဖုန်း

Mediatek Dimensity 9400e ကို ပြီးခဲ့တဲ့ မေလ 14 ရက်တုန်းက မိတ်ဆက်ခဲ့တာ။ မိတ်ဆက်ပြီးပြီးချင်းကနေ လက်ရှိအချိန်အထိ  Android Chips ထဲမှာ အကြမ်းဆုံးလို့ မှတ်ချက်ပေးနေကြပါတယ်။ အဲဒီအကြမ်းဆုံးဆိုတဲ့ Chips ကြီးကို မကြာခင်မိတ်ဆက်တော့မယ့် realme GT7 မှာ ပထမဆုံးထည့်သွင်းလာမယ်လို့ သတင်းတွေ ထွက်လာပါပြီ။ 

Mediatek Dimensity 9400e က ကြမ်းတယ်လို့ ပြောနေကြသလိုပဲ သူက Flagship SOC ပါ။ မိတ်ဆက်ခဲ့တုန်းက ဖော်ပြချက်တွေအရ Dimension 9400e ဟာဆိုရင် TSMC ၏ 3rd-generation 4nm နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး  Gaming, AI, connectivity နဲ့ imaging ပိုင်းတွေအတွက် မြင့်မားတဲ့စွမ်းဆောင်ရည်များကို ပံ့ပိုးပေးနိုင်တယ်လို့ ဆိုထားပါတယ်။ 

တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ realme GT7 မှာတော့ Dimensity 9400+ ကို သုံးထားတာပါ။ Global ဖြန့်မယ့် realme GT7 မှာတော့ Mediatek Dimensity 9400e ကို သုံးသွားမှာဖြစ်ပါတယ်။ Dimensity 9400e သုံးထားတဲ့ realme GT 7 ကတော့ လူကြိုက်အများဆုံးဂိမ်းအမြင့်ပေါင်း ၂၀ (ဥပမာ - Mobile Legends: Bang Bang, Honor of Kings စတဲ့ ဂိမ်းတွေ) ကို 120fps နဲ့ အဆက်မပြတ်ကစားနိုင်တယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။ 

စွမ်းဆောင်ရည်အနေနဲ့ realme ဘက်ကတော့ Dimensity 9400e ဟာ Android ဖုန်းတွေအတွက် Top 3 Chipset ထဲက တစ်ခုအပါအဝင်ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး AnTuTu စမ်းသပ်မှုမှာတော့ 2.25 သန်းကျော်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ 

realme GT7 Global version ကိုတော့ လာမယ့် မေလ 27 မှာ မိတ်ဆက်ပါမယ်။ 7000mAh Battery နဲ့ 120W Fast Charging ပါမှာပါ။ တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ realme GT7 ကတော့ Dimensity 9400+ ကို သုံးထားပြီး ဈေးနှုန်းအနေနဲ့ တရုတ်ယွမ် 2599 ရှိပါတယ်။ 

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ