Mediatek Dimensity 9400e ပထမဆုံးသုံးမယ့် အကြမ်းဆုံးဖုန်း
Mediatek Dimensity 9400e ကို ပြီးခဲ့တဲ့ မေလ 14 ရက်တုန်းက မိတ်ဆက်ခဲ့တာ။ မိတ်ဆက်ပြီးပြီးချင်းကနေ လက်ရှိအချိန်အထိ Android Chips ထဲမှာ အကြမ်းဆုံးလို့ မှတ်ချက်ပေးနေကြပါတယ်။ အဲဒီအကြမ်းဆုံးဆိုတဲ့ Chips ကြီးကို မကြာခင်မိတ်ဆက်တော့မယ့် realme GT7 မှာ ပထမဆုံးထည့်သွင်းလာမယ်လို့ သတင်းတွေ ထွက်လာပါပြီ။
Mediatek Dimensity 9400e က ကြမ်းတယ်လို့ ပြောနေကြသလိုပဲ သူက Flagship SOC ပါ။ မိတ်ဆက်ခဲ့တုန်းက ဖော်ပြချက်တွေအရ Dimension 9400e ဟာဆိုရင် TSMC ၏ 3rd-generation 4nm နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး Gaming, AI, connectivity နဲ့ imaging ပိုင်းတွေအတွက် မြင့်မားတဲ့စွမ်းဆောင်ရည်များကို ပံ့ပိုးပေးနိုင်တယ်လို့ ဆိုထားပါတယ်။
တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ realme GT7 မှာတော့ Dimensity 9400+ ကို သုံးထားတာပါ။ Global ဖြန့်မယ့် realme GT7 မှာတော့ Mediatek Dimensity 9400e ကို သုံးသွားမှာဖြစ်ပါတယ်။ Dimensity 9400e သုံးထားတဲ့ realme GT 7 ကတော့ လူကြိုက်အများဆုံးဂိမ်းအမြင့်ပေါင်း ၂၀ (ဥပမာ - Mobile Legends: Bang Bang, Honor of Kings စတဲ့ ဂိမ်းတွေ) ကို 120fps နဲ့ အဆက်မပြတ်ကစားနိုင်တယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။
စွမ်းဆောင်ရည်အနေနဲ့ realme ဘက်ကတော့ Dimensity 9400e ဟာ Android ဖုန်းတွေအတွက် Top 3 Chipset ထဲက တစ်ခုအပါအဝင်ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး AnTuTu စမ်းသပ်မှုမှာတော့ 2.25 သန်းကျော်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
realme GT7 Global version ကိုတော့ လာမယ့် မေလ 27 မှာ မိတ်ဆက်ပါမယ်။ 7000mAh Battery နဲ့ 120W Fast Charging ပါမှာပါ။ တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ realme GT7 ကတော့ Dimensity 9400+ ကို သုံးထားပြီး ဈေးနှုန်းအနေနဲ့ တရုတ်ယွမ် 2599 ရှိပါတယ်။