Mega Lifesciences Ltd နှင့် ဝန်ထမ်း များစုပေါင်း၍ ငွေကျပ် သိန်း (၂၂၅၀) တန်ဖိုး ရှိ Covid ကုသရေး အထောက်အကူပြု ပစ္စည်းများ နှင့် ကိုယ်ခံအားမြှင့်တင်ရန် Nat C ( Vitamin C 1000 mg ) ဆေးဗူး - ၃၅၀၀ ဗူး ( တန်ဖိုးငွေကျပ် - ၂၆၄ သိန်း ) တို့အား လှူဒါန်း
Mega Lifesciences Ltd နှင့် ၄င်း၏ ဝန်ထမ်းများအားလုံး စုပေါင်း၍ ငွေကျပ်သိန်း (၂,၂၅၀) တန်ဖိုး (အမေရိကန်ဒေါ်လာ ၁၄၃,၇၅၀) အထူးကြပ်မတ် ကုသဆောင်သုံး အသက်ရှူစက် (၅) လုံး၊ Patient Monitor (၅) လုံးနှင့် Video Laryngoscope (၁) ခု တို့နှင့်အတူ Mega Lifesciences Ltd (Nutra Division) မှလည်း ငွေကျပ် ၂၆၄ သိန်း တန်ဖိုးရှိ Nat C (Vitamin 1000 မီလီဂရမ်) ဆေးပြား (၃၀) ပါ ဆေးဘူးအရေအတွက် (၃၅၀၀) တို့ကို သြဂုတ်လ (၂၉) ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးရုံး နေပြည်တော်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့မှ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
Mega Lifesciences Ltd မှ လှူဒါန်းခဲ့သော ငွေကျပ် သိန်း (၂,၂၅၀) တွင် Mega ကုမ္ပဏီမှ ငွေကျပ်သိန်းပေါင်း (၁၆၅၀) နှင့် ဝန်ထမ်းများမှ ငွေကျပ်သိန်း (၆၀၀) တို့ကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
Mega Lifesciences Ltd (Nutra Division) အနေဖြင့် ကမ္ဘာ့ကူးစက်မှုရောဂါ Covid 19 ကာလ ယခုနှစ် မေလနှင့် ဇွန်လအတွင်း ငွေကျပ်တန်ဖိုး (၁၀၈) သိန်း တန်ဖိုးရှိ Nat C (Vitamin C 1000mg) (၁၄၄၀) ဗူးအားလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းနှင့် ရှေ့တန်းမှ မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးလျှက်ရှိသည့် တောင်ဥက္ကလာပဆေးရုံကြီး Covid အထူးကုစင်တာ၊ ဝေဘာဂီဆေးရုံကြီး Covid အထူးကုစင်တာ၊ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ကုတင် ၅၀၀ ရန်ကုန် အထူးကုဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းဆေးရုံတို့မှ ကျန်းမာရေးဝန်ထမ်းများအတွက် လှူဒါန်းခဲ့ပါသည်။
လှူဒါန်းမှုနှင့် ပတ်သက်၍ Mega Lifesciences Ltd (Nutra Division) မှ ဒါရိုက်တာ ဒေါက်တာသင်းနိုင်ဦးမှ ပြောကြားရာတွင် “ကျွန်မတို့နိုင်ငံမှာရှိတဲ့ ရှေ့တန်းမှာ ရှိနေကြသော ကျန်းမာရေး ဝန်ထမ်းများဟာ သူတို့ရဲ့ အသက်ကိုပင် ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေရတာဖြစ်လို့ Covid 19 နဲ့ အခြားသော ဗိုင်းရပ်စ်များကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ခုခံအား မြင့်မားနေဖို့ လိုပါတယ်။ ကျွန်မတို့ရဲ့ Nat C (Vitamin C ၁၀၀၀ မီလီဂရမ်) က ခုခံအား မြှင့်တင်ဖို့ အကောင်းဆုံး အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ထို့အပြင် Mega Lifesciences Ltd Myanmar ၏ President and Head Coach Mr. Girish Wadhwa မှ ဆက်လက်ပြောကြားရာတွင် “မြန်မာနိုင်ငံ အစိုးရနှင့်တကွ ကျန်းမာရေး အားကစားဝန်ကြီးဌာနမှ စတင်ဖြစ်ပွားခဲ့တဲ့အချိန်မှစပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့မှုကြောင့် ကျွန်တော်တို့အားလုံး အန္တရာယ်ကနေ လွတ်မြောက်ခဲ့သလို နောက်လာမယ့် လများမှာလည်း ထို့အတူပဲ မြန်မာနိုင်ငံကို အန္တရာယ်ကင်းအောင် စောင့်ရှောက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖက်ကလည်း ကိုယ့်အပိုင်းကို တာဝန်သိစွာ လုပ်ဆောင်ကြဖို့လဲ လိုပါတယ်။ လှူဒါန်းနိုင်သလောက် လှူဒါန်းကြသလို နိုင်ငံတော်မှ ပြဌာန်းထားတဲ့ လူတစ်ဦးနဲ့တစ်ဦးခွာနေကြဖို့၊ လက်ကိုမကြာခဏဆေးဖို့နဲ့ နှာခေါင်းနဲ့ ပါးစပ်အုပ် Mask များကို အမြဲဝတ်ဆင်ကြဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဘေးအန္တရာယ်ကင်းဖို့ဆိုရင် ကျွန်တော်တို့ ဒီစည်းကမ်းကို လိုက်နာဖို့ အားစိုက်ထုတ်ကြဖို့ လိုပါတယ်။” ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။