မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Galaxy S25 Edge ရဲ့ Teaser Video

Samsung Italy ရဲ့ YouTube Channel မှာ Galaxy S25 Edge နဲ့ပတ်သက်ပြီး Teaser Clip လေးတစ်ခု ဖော်ပြလာပါတယ်။ video မှာတော့ ပါးလွှာမှုကို အဓိကထားပြသသွားပါတယ်။ (Video ကို Samsung Italy YouTube Channel မှာ သွားရောက်ကြည့်ရှနိုင်ပါတယ်)

Video ထဲမှာဆိုရင်တော့ အသုံးအဆောင်ပစ္စည်းတွေ အဆောက်အအုံတွေကို ပါးပါးလေးဖြစ်သွားအောင် လုပ်ပြထားတာကို ဖော်ပြထားပါတယ်။ နောက်ဆုံးနားမှာတော့ Beyond Slim ဆိုတဲ့ စာသားနဲ့အတူ မေလ 13 ရက်မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။

နောက်ဆုံးအတည်လို့ ယူဆရတဲ့ Leak တွေအရ Galaxy S25 Edge ဟာ 5.85mm အထူသာရှိမှာဖြစ်ပြီး Samsung ဖုန်းတွေအနက် အပါးဆုံးဖြစ်လာမယ်လို့ ဆိုထားပါတယ်။

Teaser video ထွက်လာပြီးနောက် တခြား Spec: တွေအရ 6.7-inch AMOLED display, Qualcomm’s Snapdragon 8 Gen Elite chipset , 200MP main camera နဲ့ 3,900 mAh battery တို့ ပါလာမှာပါ။ IP68 dust and water resistance ရမယ််။ ပထမဆုံးအနေနဲ့ Corning's Gorilla Glass Ceramic 2 ကို သုံးသွားပါမယ်။ အရောင် ၃ ရောင်ရွေးနိုင်မှာဖြစ်ပါတယ်။
မိတ်ဆက်ဖို့ရက်က ဘယ်လောက်မှမလိုတော့တာမို့ ရင်ခုန်နေကြပြီလို့ ထင်ပါတယ်...