မေလထဲမှာမိတ်ဆက်လာနိုင်သည့် Honor 400 series

ဧပြီလအစောပိုင်းတုန်းက Honor 400 Lite ကိုမိတ်ဆက်ပေးခဲ့ပြီးယခုအခါကုမ္ပဏီက Honor 400 seriesကိုမိတ်ဆက်ဖို့စီစဉ်နေပါပြီ။ထွက်ရှိလာသောသီတင်းများအရအဆိုပါ series သစ်ကိုမေလတွင်းမိတ်ဆက်လာနိုင်သည်လို့ကြားသိရပါသည်။

တွေ့ရှိရသောအချက်အလက်များအရ Honor 400 ​၏အရွယ်အစားကတော့ 156.5 X 74.6 X 7.3mm ရှိပြီး အလေးချိန်အနေ့နဲ့ 184 ဂရမ်ဖြစ်သည်။IP65 အဆင့်ဖြစ်တယ်လို့လဲသိရပါတယ် တစ်ကယ်တော့ယခုသိရတဲ့ IP65 အဆင့်ထက်မြင့်လာသင့်ပါပြီ။

Specs များကတော့ 120Hz refresh rate နှင့် 6.55-inch AMOLED display နှင့် peak brightness အနေနဲ့ 5,000 nits ဖြစ်မယ်ဆိုဆိုထားပါတယ်။ Honor 400 တွင် Snapdragon 7 Gen 3 chipset ပါဝင်ပြီး MagicOS 9.0-based နဲ့Android version 15 တို့ဖြစ်သည်။ 66W SuperCharge အမြန်အားသွင်းစနစ်ပါရှိပြီး Battery capacity အနေနဲ့ကတော့ 5300 mAh ဖြစ်ပါတယ်။

Main cameraအနေနဲ့ 200MP f/1.9 ၊ကျောဘက်တွင် 112-degree 12MP ultrawide ကင်မရာနှင့် selfie အတွက် 50MP, f/2.0 လို့သိရပါတယ်။

Honor 400 ကို အနက်ရောင်နှင့်ရွှေရောင် နှစ်မျိုးရွေးချယ်နိုင်မည်ဟု သတင်းရင်းမြစ်များကဖော်ပြသည်။Storage ပိုင်းမှာတော့ 8GB/256GB နှင့် 16GB/512GB တို့ ပါဝင်မည်ဖြစ်ပြီး 256GB အတွက် ယူရို ၄၉၉ ဝန်းကျင်လို့သီတင်းထွက်ရှိလာပါတယ်။