Meta Connect 2025 ကို ဒီကနေ့မနက်ပိုင်းက ကျင်းပသွားခဲ့ပါတယ်။ Mark Zuckerberg က "မျက်မှန်တွေဟာ AI ကို နေရာတိုင်း သယ်ဆောင်သွားဖို့ အကောင်းဆုံး ပုံစံပါ" လို့ ကြေညာလိုက်တာနဲ့ VR headset ခေတ်ကနေ AI smart glasses ခေတ်ဆီကို ကူးပြောင်းသွားပါပြီ။ ဒီပွဲမှာဘာတွေကြေငြာသွားလဲ ကြည့်လိုက်ရအောင်။

 Meta Ray-Ban Display

Meta Ray-Ban Display မျက်မှန်မှာ ကိုယ်ပိုင် screen လေးပါလာပြီ။ Ray-Ban Display က ညာဘက်မှန်ရဲ့ ထောင့်မှာ သေးငယ်တဲ့ display တပ်ဆင်ထားပြီး message တွေ ဖတ်နိုင်၊ Instagram Reels ကြည့်နိုင်၊ GPS direction တွေ မြင်နိုင်ပါတယ်။ ပိုစိတ်ဝင်စားစရာကတော့ စကားပြောနေတဲ့ လူရဲ့ ဘာသာစကားကို real-time translate လုပ်ပြီး subtitle လို ပြပေးနိုင်တာပါ။ Battery life ၁၈ နာရီရှိပြီး စျေးနှုန်း $379 ကနေ စတင်မှာပါ။

 Meta Neural Band

 Meta Neural Band က တကယ့် sci-fi movie ထဲက နည်းပညာပါ။ Meta Ray-Ban နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ တပ်ထားတဲ့ band လေးက ကြွက်သား လှုပ်ရှားမှုကို ဖတ်ပြီး လက်မနဲ့ လက်ညှိုး တို့ထိရုံနဲ့ smart glasses ကို control လုပ်နိုင်ပါတယ်။ လက်နဲ့စာရေးတဲ့ပုံစံလုပ်ပြီး Keyboard မလိုဘဲ စာရေးနိုင်ပါတယ်။ Meeting ထဲမှာ တိတ်တိတ်လေး message reply လုပ်နိုင်သလို လမ်းလျှောက်နေရင်း navigation control လုပ်နိုင်ပါတယ်။

 Oakley Meta Vanguard & Houston

 Oakley Meta Vanguard & Houston ကတော့ အားကစားသမားတွေအတွက် Smart Glasses ပါ။ Runner တွေ၊ cyclist တွေအတွက် Oakley Vanguard က marathon distance အတွက် battery ခံနိုင်ပြီး camera က မျက်မှန်ရဲ့အလယ်မှာ တပ်ထားလို့ ပြေးနေတုန်း video ရိုက်ရင် တည်ငြိမ်မှာပါ။ Houston model ကတော့ extreme sports လုပ်သူတွေအတွက် ရေစိုခံ၊ ဖုန်မှုန့်ခံ design နဲ့ လုပ်ထားပြီး Garmin၊ Strava app တွေနဲ့ တိုက်ရိုက် sync ဖြစ်ပါတယ်။

 Meta AI Assistant

 Smart glasses တပ်ထားရုံနဲ့ AI assistant က ပတ်ဝန်းကျင်ကို မြင်ပြီး အကူအညီပေးနိုင်ပါတယ်။ စားသောက်ဆိုင် menu ကို translate လုပ်ပေးတာ၊ landmark တွေအကြောင်း ရှင်းပြပေးတာ၊ ဈေးဝယ်တုန်း product comparison လုပ်ပေးတာ စတဲ့ feature တွေ ပါဝင်မှာပါ။

 Meta Connect 2025 က နည်းပညာရဲ့ အနာဂတ်ကို ပြသွားပါတယ်။ VR headset တွေက နေရာတိုင်း တပ်သွားလို့ မရတဲ့ အားနည်းချက်ကို smart glasses တွေနဲ့ ဖြေရှင်းပြီး AI ကို daily life ထဲ သဘာဝကျကျ ထည့်သွင်းလိုက်တာပါ။ ဒီ device တွေက ၂၀၂၅ နှစ်ကုန်မှာ ထွက်လာမှာဖြစ်ပါတယ်။