Digital Chat Station ရဲ့ အဆိုအရ အသစ်လာမယ့် Xiaomi (သို့) Redmi ဖုန်းမှာ 9000mAh Battery ပါဝင်လာဖို့ အလားအလာများနေပါတယ်။ ဒါတင်မကသေးဘဲ 100W fast Charge လည်း support ပေးသွားဦးမှာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး အများစုက Redmi Turbo 5 လို့တော့ ခန့်မှန်းထားကြပါတယ်။

Xiaomi ကနေ 10000mAh Battery အတွက် Prototype အဖြစ် စမ်းသပ်မှုတွေလည်းရှိနေပြီး Global အတွက် သီးသန့်ထုတ်တဲ့ မော်ဒယ်တွေမှာ အသုံးပြုလာနိုင်တယ်လို့ သတင်းတွေထွက်ထားတာပါ။ ဒီသတင်းသာ မှန်ကန်ရင် Mi Global ဖုန်းတွေထဲမှာ ဘတ်ထရီ အရွယ်အစားအကြီးဆုံးဖုန်းဖြစ်လာမှာပါ။

သိပ်မျှော်လင့်လို့မရတာက ဘတ်ထရီနဲ့ပတ်သက်ပြီး ပမာဏကြီးကြီးမားမားတွေကို China သီးသန့်သာ ရည်ရွယ်ပြီး ထုတ်လေ့ရှိပြီး ဥရောပနဲ့ အခြားစျေးကွက်တွေမှာ ထုတ်ရာတွင် ဘက်ထရီအရွယ်အစားကို လျော့ချပြီးသာ ထုတ်လေ့ရှိတာပါ။ ဒါကြောင့် 9000mAh Battery ဖုန်းအသစ်တော့ တွေ့ရ‌ကောင်း‌ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ Global ဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။