Microsoft 365 Copilot မှာ Researcher နှင့် Analyst ဆိုတဲ့ AI Agent ၂ ခုမိတ်ဆက်

Microsoft 365 Copilot မှာ AI အကူအညီနဲ့ လုပ်ငန်းခွင်နဲ့ research ပိုင်းအတွက် ပိုပြီးထိရောက်စေမယ့် Researcher နှင့် Analyst ဆိုပြီး AI Agent အသစ် ၂ မျိုးကို ထည့်ပေးလိုက်ပါတယ်။

Researcher ကတော့ ChatGPT, DeepSeek, Grok AI တို့မှာ အရင်ဆုံးထည့်ပေးလိုက်တဲ့ DeepResearch လိုမျိုးပါပဲ။ ခက်ခဲရှုပ်ထွေးပြီး အဆင့်များစွာပါဝင်တဲ့ research ပိုင်းတွေအတွက် တိကျတဲ့ အချက်အလက်တွေ support ပေးနိုင်တယ်လို့ ဆိုပါတယ်။ သူက အီးမေးလ်တွေ အစည်းအဝေးနဲ့ပတ်သက်တဲ့ ဒေတာအချက်အလက် file တွေကို Security ပိုင်းနဲ့ပတ်သတ်ပြီး လုံခြုံစွာ သုံးနိုင်တယ်။ Third Party Web တွေနဲ့ လွယ်ကူစွာ ချိတ်ဆက်သုံးနိုင်တယ်။ 

Analyst ကတော့ ကိုယ့်ရဲ့ဒေတာတွေကို မှန်ကန်တိကျစွာ စစ်ဆေးပေးမှာဖြစ်ပြီး လိုအပ်တဲ့အချက်အလက်တွေကိုလည်း မြန်ဆန်စွာ ရှာဖွေပေးနိုင်မယ်လို့ဆိုပါတယ်။ ဒေတာအချက်အလက်တွေကို စာရင်းဇယားအဖြစ်လည်း ပြောင်းလဲပေးတဲ့အပြင် ကျွမ်းကျင်တဲ့ Data Analyst တစ်ယောက်ကို လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ဒီ AI Agent ၂ ခုလုံးရဲ့ အလုပ်လုပ်ပုံကို ပိုပြီး တိတိကျကျသိချင်ရင်တော့ စမ်းသုံးကြည့်ပြီး ခိုင်းကြည့်ရင် ပိုကောင်းမယ်ထင်ပါတယ်။ သုံးကြည့်ပြီး review တွေ ပြန်ပြောခဲ့ပါဦး။ ကောင်းသည် ဆိုးသည်တွေကိုပေါ့ ...