မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။

ဥရောပတိုက်အနောက်ခြမ်းနိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ ပေါ်တူဂီတို့မှာ လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရပြီး မြေအောက်ရထားလိုင်းတချို့ကိုလည်း ယာယီရပ်ဆိုင်းထားရကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက နေရာတချို့နဲ့ အန်ဒိုရာနိုင်ငံတို့မှာလည်း လျှပ်စစ်မီးပြတ်တောက်မှုရှိကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။

မီးပွိုင့်တွေ မီးမလာလို့ မက်ဒရစ်မြို့က ယာဉ်ကြောပိတ်ဆို့မှု

စပိန်နဲ့ပေါ်တူဂီနိုင်ငံတို့က အဆိုးရွားဆုံးဖြစ်နေပြီး မီးပွိုင့်တွေမှာ မီးမလာလို့ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လေဆိပ်နဲ့ ဘူတာရုံတွေမှာ မီးပြတ်တောက်မှုကြောင့် ပို့ဆောင်ရေးအခက်အခဲ တွေ့ကြုံခြင်း၊ ဖုန်းလိုင်းပြတ်တောက်ခြင်း အစရှိတာတွေကြုံတွေ့နေကြကြောင်း ဥရောပသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒါကြောင့် ဒီမီးပျက်တဲ့သတင်းနဲ့အတူ လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကိုလည်း ရွှေ့ဆိုင်းရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြကြတာပါ။ ဒီပွဲကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က Lluis Companys အိုလံပစ်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဥရောပအနောက်ခြမ်းနိုင်ငံတချို့ လျှပ်စစ်မီးပြတ်တောက်တာကို ဥရောပမီဒီယာတွေက ဒီလို အုတ်အော်သောင်းနင်းဖော်ပြနေပေမယ့် တကယ်တမ်း ဒီမီးပျက်တဲ့အချိန်က များစွာမကြာမြင့်သေးဘဲ နာရီပိုင်းသာရှိသေးတာပါ။

လျှပ်စစ်မီးဖြန့်ဝေရေးအတွက် တာဝန်ရှိတဲ့ကုမ္ပဏီက မီးပြန်လာဖို့ အပူတပြင်းလုပ်ဆောင်နေကြောင်းနဲ့ လာမယ့်(၆)နာရီနဲ့ (၁၀)နာရီအကြား ပုံမှန်အတိုင်း မီးပြန်လာဖွယ်ရှိကြောင်း ပြောခဲ့ပါတယ်။

စပိန်နိုင်ငံရဲ့ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဝေရေးကုမ္ပဏီဖြစ်တဲ့ Red Electrica က တာဝန်ရှိသူတစ်ဦးက ''လျှပ်စစ်မီးပြတ်တောက်ရတဲ့အကြောင်းအရင်းကို ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ဒီကိစ္စ အမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင် ကြိုးစားနေကြပါတယ်။ လျှပ်စစ်မီးပြန်ရရေးအတွက် စွမ်းအင်ကုမ္ပဏီတွေနဲ့လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နေပါတယ်"လို့ ဆိုခဲ့ပါတယ်။

သူတို့ပြောဆိုတဲ့အတိုင်းသာ မှန်ခဲ့မယ်ဆိုရင် အချိန်တိုအတွင်း မီးပြန်လာမှာဖြစ်ပြီး ဘာစီလိုနာ - အင်တာမီလန်ပွဲလည်း ပုံမှန်အတိုင်းကစားရဖို့ ဖြစ်နိုင်ခြေများပါတယ်။ (ဒီစာကို ရေးနေရင်း စပိန်နိုင်ငံ၊ မာလာဂါမြို့မှာ ပုံမှန်အတိုင်း မီးပြန်လာနေပြီဆိုတဲ့ သတင်းကို တွေ့ရပါတယ်)

BBC သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီလိုလျှပ်စစ်မီးပြတ်တောက်ရတာက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်တဲ့ ကမ္ဘာ့လေထုနဲ့သက်ဆိုင်တဲ့ သဘာ၀ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံ