မိမိက လူပြက်မဟုတ်ဘူးလို့ ဆိုခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ သတင်းထောက်ကို ပိုစတီကိုဂလူး ဒေါသထွက်

မိမိက လူပြက်မဟုတ်ဘူးလို့ ဆိုခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ သတင်းထောက်ကို ပိုစတီကိုဂလူး ဒေါသထွက်

ဒီနေ့ကစားမယ့် စပါး-မန်ယူနိုက်တက် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ သူ့ကိုလူပြက်တစ်ဦးလို့ တံဆိပ်ကပ်ခဲ့တဲ့ သတင်းထောက်ကို ဒေါသထွက်ပြီး သူဟာ လူပြက်မဟုတ်ဘူးလို့ စပါးအသင်းနည်းပြပိုစတီကိုဂလူးက ဆိုခဲ့ပါတယ်။ ပိုစတီကိုဂလူးဟာ စပါးအသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်အောင် မကိုင်တွယ်ပေးနိုင်ရင် ရာသီကုန်မှာ ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတာပါ။

စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာ ရပ်တည်နေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်မယ့် အခွင့်အရေးကောင်းတွေရှိနေတာဖြစ်ပါတယ်။ စပါးအသင်းဟာ ၂၀၀၈ ခုနှစ်က လိဂ်ဖလားရရှိပြီးနောက်ပိုင်းဆုဖလားတွေနဲ့ ဝေးကွာနေသလို နည်းပြပိုစတီကိုဂလူးဟာ သူကိုင်တွယ်တဲ့အသင်းတိုင်းကို ဒုတိယရာသီရောက်ရင် ဆုဖလားရယူပေးနိုင်တဲ့ အစဉ်အလာရှိတာပါ။

Standard ဂျာနယ်လစ်‌ ဒန်ကေလ်ပက်ထရစ်က စပါးအသင်းဟာ မန်ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရင် နည်းပြပိုစတီကိုဂလူးဟာ လူပြက်ဖြစ်သွားမယ်လို့ ဆိုထားခဲ့ပြီး ပိုစတီကိုဂလူးကတော့ ဒီလိုပြောဆိုမှုကို လက်ခံခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ပိုစတီကိုဂလူးက "ဒါက မင်းရဲ့အမြင်ပေါ်မှာပဲ မူတည်ပါတယ် ဒန်ရေ။ ဒါပေမယ့် ငါမင်းကို တစ်ခုပြောမယ် ငါက ဒီပွဲမှာလူပြက်ဖြစ်မှာမဟုတ်သလို ဘယ်တော့မှလည်း ဖြစ်မှာမဟုတ်ပါဘူး။ ဒီလိုအသုံးအနှုန်းသုံးတဲ့ မင်းကိုစိတ်ပျက်မိတယ်"လို့ ဆိုခဲ့ပါတယ်။

စပါးအသင်းသားတွေကတော့ ယူရိုပါလိဂ်ဖလားရယူပြီး (၁၇)နှစ်ကြာဆုဖလားမရရှိတာကို အဆုံးသတ်ဖို့ ‌စိတ်ဆန္ဒပြင်းပြနေကြတာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်